ပွဲကျပ်တွေကို လီဗာပူးလ်က ရင်ဆိုင်ရမှာပါ။

မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က နေးရှင်းလိဂ်ပြိုင်ပွဲတွေကို အပြစ်တင်ဝေဖန် ပြောကြားလိုက်ပါတယ်။ သရေပွဲဖြစ်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ မန်စီးတီး၊ ချယ်လ်ဆီးတို့နဲ့ အမှတ်တူနေခဲ့ပြီး ဂိုးကွာခြားချက်ကြောင့် အဆင့် (၃)နေရာမှာ ရှိနေခဲ့ပါတယ်။

Photo : The Liverpool Offside

 

လာမယ့်အပတ်တွေမှာတော့ ပရီးမီးယားလိဂ်ပွဲတွေကို ခေတ္တရပ်နားထားမှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေ ကစားသွားမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ လီဗာပူးလ်အသင်းဟာ (၂၃)ရက်တာကာလအတွင်း ပွဲကျပ်တွေအဖြစ် ပီအက်စ်ဂျီ၊ တော့တင်ဟမ်၊ ချယ်လ်ဆီး၊ နာပိုလီ အစရှိတဲ့ အသင်းတွေနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ပွဲအပြီး ဂျီးဆပ်ကို တောင်းပန်စကားပြောခဲ့တဲ့ ဂွာဒီယိုလာ 

Photo : This Is Anfield

 

"ကျွန်တော့်ကောင်လေးတွေ ကံမကောင်းပါဘူး၊ နောက်ထပ်တစ်ကြိမ် အဝေးကြီးကို သွားပြီးတော့ နေးရှင်းလိဂ်ပွဲတွေ ကစားရဦးမယ်၊ ဘောလုံးလောကထဲမှာ ယုတ္တိမရှိဆုံးပြိုင်ပွဲတစ်ခုကို သူတို့ သွားကစားရမှာပါ၊ သူတို့တွေ ဒဏ်ရာမရပဲ ပြန်လာဖို့ ကျွန်တော်မျှော်လင့်မိပါတယ်၊ ပြီးရင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လိုပွဲတွေကို သူတို့ကစားရပါဦးမယ်"

Photo : Premier League Twitter

 

"သူတို့အတွက် ခက်ခဲတဲ့အချိန်ပါ၊ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်၊ ကစားသမားတွေအတွက် စဉ်းစားပေးဖို့ဆိုတာလေ၊ သူတို့တွေ ကောင်းကောင်းကစားတာ မြင်ချင်ရင် နွေရာသီအားလပ်ရက်ပေးရမှာပါ၊ ဟန်ဒါဆန်ဆိုရင် (၂)ပတ်လောက်ပဲ အနားယူခဲ့ရတယ်၊ ဘယ်လောက်ဟာသဆန်လိုက်သလဲ" လို့ဆိုပြီး ကလော့ပ်က နိုင်ငံတကာပွဲစဉ်တွေကို ဝေဖန်သွားခဲ့ပါတယ်။

Photo : Trome

 

နောက်ထပ် ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဦးမယ့် ကလော့ပ်ကတော့ နိုင်ငံတကာပွဲစဉ်တွေ ကြားဖြတ်ဝင်ရောက်လာမှုကြောင့် ကစားသမားတွေ ပင်ပန်းနွမ်းနယ်မှု ရှိမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ "မန်စီးတီးနဲ့ပွဲမှာ ကျွန်တော့်ချာတိတ်တွေ ကစားသွားတဲ့ ပုံစံအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်၊ ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာပါ၊ မန်စီးတီးလိုအသင်းကို အနိုင်လိုချင်ရင်တော့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်" လို့ ကလော့ပ်က ထပ်ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က