သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်နေတဲ့ လူငယ်အဆိုတော် ရဲနောင်ဟာ ဒီနေ့ညနေ(၇)နာရီဝန်းကျင်လောက်မှာ လူပြန်ထွက်တော့ မယ်လို့ သိရပါတယ်။
သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်နေတဲ့ လူငယ်အဆိုတော် ရဲနောင်ဟာ ဒီနေ့ညနေ(၇)နာရီဝန်းကျင်လောက်မှာ လူပြန်ထွက်တော့ မယ်လို့ သိရပါတယ်။ ဒီနေ့(အောက်တိုဘာ၈ရက်)ညနေ(၆)နာရီမှာ ရွှေတိဂုံဘုရားသို့ သွားမှာဖြစ်ပြီး (၇)နာရီဝန်းကျင်လောက်မှာ လူပြန်ထွက်တော့မှာဆိုပြီး အော်ကတိုဘာ(၇) ရက်နေ့ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
"ဒီနေ့ည ရန်ကုန်ုပြန်ကြွပါမယ်မနက်ဖြန်ညနေ ၆နာရီ ရွှေတိဂုံဘုရားတက်ပါမယ်။ ညနေ ၇နာရီဝန်းကျင်လောက်တော့ လူပြန်ထွက်တော့မှာပါ .။ဘုန်းကြီးဝတ်နဲ့မြင်ဖူးချင်တယ် ... တွေ့ဖူးချင်တယ် ဖူးချင်တယ်ဆိုသူများရဲ့တောင်းဆိုမှုကြောင့် ရက်စေ့ဝတ်ပြီးပေမဲ့လည်း လူမထွက်သေးဘဲ တမင် ရန်ကုန်ပြန်ကြွလာတာပါ" ဆိုပြီး ပြောထားပါတယ်။
သူ့အနေနဲ့ အမှန်အတိုင်းပြောရရင် တောထဲတောင်ထဲမှာ နေရတာ ပိုစိတ်ချမ်းသာတယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။
"အမှန်တိုင်းပြောရရင် တောထဲတောင်ထဲနေရတာ ပိုစိတ်ချမ်းသာတယ် ပိုလည်းအသက်ရှည်မယ်လို့ ခံစားရတယ် ... ဒါပေမဲ့လည်း လူဟာ အချိန်တန်တော့လည်းလူရဲ့ ကျင့်ဝတ်အတိုင်းပြန်နေကြတာပါပဲ" ဆိုပြီး အောက်တိုဘာ(၇)ရက်နေ့ ညပိုင်းက ဆက်လက်ရေးသားထားပါတယ်။
သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်သွားတဲ့ ရဲနောင်
တောထဲမှာ တရားအားထုတ်နေတဲ့ ရဲနောင်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။ အောင်မြင်မှု တွေ ရရှိနေတဲ့ "ဒုဋ္ဌဝတီကိုလွန်၍" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပုံဖော်ထားတဲ့ လူငယ်အဆိုတော် တစ်ယောက် ဖြစ်တဲ့ ရဲနောင်ဟာ သာသနာ့ဘောင်ထဲ ကို ခဏတာ ဝင်မယ်ဆိုပြီး စက်တင်ဘာ(၃၀) ရက်နေ့က ပရိသတ်တွေကိုအသိပေးထားတာပါ။
စိတ်တွေအားလုံး ချုပ်ထိန်းနိုင်တဲ့နေ့မှာ ပြန်လာမယ်ဆိုပြီး ပြောထားပါသေးတယ်။
ရဲနောင်ဟာ ဂီတအပြင် သရုပ်ဆောင်ဘက်မှာပါ ကြိုးစားလာသူ တစ်ဦးဖြစ်ပါတယ်။ "ဒုဋ္ဌဝတီကိုလွန်၍ " ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးသားထားတဲ့ ရဲနောင်ဟာ နောက်ထပ် "ဒုဋ္ဌဝတီကိုလွန်၍ ၂" အတွက်လည်း ဆက်လက်ကြိုးစားသွားဦးမယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရိုက်ကူးလို့ ပြီးသွားတဲ့ "Sleeping a wake" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ရဲနောင်အနေနဲ့ ပါဝင်သရုပ် ဆောင်ထား တယ်လို့ သိရပါတယ်။
သူ့အနေနဲ့ အဲ့ဒီဇာတ်ကားအတွက် အချိန်တွေအများကြီး ပေးဆပ်ခဲ့ရသလို ဇာတ်လမ်းထဲက "Kong" ဖြစ်လာဖို့အတွက် သူ့ရဲ့ အကျင့်စရိုက ်တချို့ကို တိုက်ထုတ်ပြီး ကာရိုက်ဝင်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။