ဖူးစာပါခဲ့ရင်။

အချစ်ရေးအကြောင်းတွေ ပြောလေ့ပြောထမရှိတဲ့ ရွှေသမီးကတော့ အခုဆိုရင် သူ့ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါ တယ်။ သူ စိတ်ကူးယဉ်ထားတဲ့ အချစ်ရေးလေးကလည်း အရမ်းကို ဆန်းကြယ်ပါတယ်။

 

ပရိသတ်အချစ်တော် မင်းသမီးချောလေး ရွှေသမီးကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းဝန်ခံပြောပြလာပါပြီ။ သူမဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖြေဆိုလေ့ သိပ်မရှိပေမယ့် အခုချိန်မှာတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကိုယ့်အပေါ်မှာ ယုံကြည်မှုရှိရမယ်၊ နားလည်ပေးရမယ်၊ ကိုယ့်အလုပ်အပေါ်မှာ ၁၀၀ရာခိုင်နှုန်း အပြည့်အဝ နားလည်ပေးရမယ်ပေါ့။ သူ လည်း ဝါသနာပါတဲ့လူဆို ပိုကောင်းတာပေါ့။ ဝါသနာတူ၊ ဒီအလုပ်ကို သိတဲ့သူမှ ပိုပြီးတော့ အဆင်ပြေတာလေ။ ဒီအလုပ်ကို နားမလည်ရင် ဟိုမင်းသားနဲ့တွဲတာမကြိုက်၊ ဒီမင်းသားနဲ့တွဲတာမကြိုက် အဲ့ဒီလိုတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ '' လို့ ဆိုပါတယ်။

 

ရွှေသမီးဟာ ပရိသတ်လက်ခံထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အနုပညာအလုပ် အပေါ် နားလည်မှုအပြည့်အဝ ပေး နိုင်မယ့် ယောက်ျားလေးမျိုးကို လိုချင်တယ်လို့ ဆိုထားပါတယ်။ ဒီအတွက် အနုပညာရှင်ထဲက လူကိုမှ ချစ်သူ ထားမယ် ဆိုတာမဟုတ်ပါဘူးလို့ ဆက်လက်ဖြေဆိုထားပါတယ်။

'' အနုပညာရှင်ထဲကလား၊ အပြင်က လူလားလို့ တွေးထားတာမျိုးတော့ မရှိဘူး။ ကိုယ့်ကို တကယ်ချစ်ပြီးတော့ ယုံကြည်ပေးမယ့်သူ။ ကိုယ့်ကို ဘာမဆိုဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးဆိုရင်တော့ ရပါတယ်။ ဘုရားပေးတဲ့ ဖူးစာပါပဲ၊ ကိုယ့်အတွက် ဖူးစာပါမယ့်သူပေါ့''ဆိုပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့က ဓားငပြူးရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

တောထဲက ဇာတ်ဝင်ခန်းတွေအကြောင်းပြောလာတဲ့ ရွှေသမီးနဲ့ချောကလျာ 

ရွှေသမီးက မင်းသမီးတစ်ယောက်ဆိုပေမယ့် မိန်းကလေးတွေထဲက မိန်းကလေးတစ်ယောက်ဖြစ်လို့ သူစိတ်ကူးယဉ်ထားတဲ့ အချစ်မျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူ့စိတ်ကူထဲက အချစ်ရေးအကြောင်းကိုလည်း သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါသေးတယ်။

'' ကိုယ်လည်း လူသားတွေထဲက လူတစ်ယောက် မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ကူးယဉ်တာမျိုးလေးတွေတော့ ရှိတာပေါ့နော်။ အခုဆို ကိုရီးယားကားတွေ ပေါ်လာတယ်၊ ရိုမန့်တစ်တွေပေါ်လာတော့ အဲ့ဒီမှာ ရူးပဲ အဲ့ဒီလို ငါလည်း ပြည့်စုံတဲ့သူ တွေ့ချင်လိုက်တာ၊ ရုပ်လေး ကလည်းချော၊ ပိုက်ဆံလေးကလည်းရှိ သူဌေးသားပေါ့။ စိတ်ကူးယဉ်ကြည့်တာပါ ဒါပေမယ့်လည်း တစ်ခါတလေတော့ လွဲချော်တာလေးတွေ လည်းရှိတာပေါ့'' လို့ဆိုပါတယ်။

Photo: Shwe Thamee Facebook


ရွှေသမီးရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တည်ကြက်ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဆရာဖြစ်သူ အကယ်ဒမီနေတိုးနဲ့ အတူတွဲ သရုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က