အာစင်ဝင်းဂါးဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုရဲ့ နေရာမှာအစားထိုးဖို့အတွက် နည်းပြရှာဖွေမယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ဝါရင့်နည်းပြဟောင်းကြီး အာစင်ဝင်းဂါးကို စဉ်းစားသင့်တယ်လို့ ပေါလ်မာဆွန်က ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီအစမှာ ဆိုးရွားတဲ့ပုံစံကြောင့် ၈ ပွဲကစားပြီးချိန်မှာ ၁၃ မှတ်သာရရှိသေးပြီး အဆင့် ၈နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

gettyimages-458153531.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့ညက နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ပထမပိုင်းစစချင်းကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဧည့်သည်နယူးကာဆယ်အသင်းရဲ့ ဦးဆောင်ကစားခြင်းကို ခံခဲ့ရပြီး ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ ကနေ မိနစ် ၉၀ အတွင်း ၃ ဂိုး နောက်ကနေလိုက်သွင်းပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆုအတွက် ဆန်ကာတင် ပထမဆုံး ၅ ဦးစာရင်း ထွက်ပေါ်လာ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အံ့အားသင့်ဖွယ် ပြန်လည်အနိုင်ယူနိုင်ခဲ့ပေမယ့် နည်းပြမော်ရင်ဟိုဟာ ဖိအားတွေ ဆက်လက်ခံစားနေရဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးအသင်းနဲ့ ၇ မှတ်အထိ ကွာဟာနေတာဖြစ်ပါတယ်။

Photos: Metro

 

တကယ်လို့ နည်းပြမော်ရင်ဟိုကိုသာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ အာစင်ဝင်းဂါးဟာ မန်ယူအသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူပေးနိုင်မယ့်နည်းပြဖြစ်တယ်လို့ ဘောလုံးရေးရာကျွမ်းကျင်သူ ပေါလ်မာဆွန်က ယုံကြည်ကြောင်း Sky Sports ကို ပြောကြားခဲ့ပါတယ်။

"အတည်ပြောတာပါ။ ဒါက ကမ္ဘာပေါ်က အဆိုးရွားဆုံး အကြံမဟုတ်ပါဘူး။ ခင်ဗျား အာစင်ဝင်းဂါး ဘာလုပ်ခဲ့လဲဆိုတာ ကြည့်လိုက်ဦးလေ"

"ခင်ဗျား ဈေးကွက်ထဲမှာ ပေါင်သန်း ၇၀ ကနေ ၈၀ လောက်အထိရှိတဲ့ ကြယ်ပွင့်ကစားသမားတွေကို မဝယ်ဘူး။ သူ့အတွက် အချိန်ပို ရခဲ့ပါတယ်"

"အဲဒါက ဆိုးရွားတဲ့ အလှည့်အပြောင်းတစ်ခုမဟုတ်ပါဘူး။ တခါတရမှာ ခင်ဗျား လန်းဆန်းတဲ့အစတစ်ခုနဲ့ စတင်ဖို့ လိုအပ်တယ်လေ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က