ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး အာဆင်နယ်အသင်းက သက်တမ်းမတိုးနိုင်သေးပါဘူး။

ဖူဟမ်အသင်းဖက်ကို လှပတဲ့ နောက်ပေါက်သွင်းဂိုးသွင်းယူခဲ့တဲ့ ရမ်ဆေးဟာ သူ့အတွက် အင်မတန်မှ အရေးကြီးတဲ့ ကစားသမားဆိုတာ နည်းပြ အူနိုင်းအမ်မရီက ပွဲအပြီးမှာ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းက အဝေးကွင်းမှာ ဖူဟမ်အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ အသင်းအတွက် တတိယဂိုးကို လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တဲ့ ရမ်ဆေးကို နည်းပြ အူနိုင်းအမ်မရီက စကားတစ်ခွန်း တိုက်ရိုက် ရည်ညွှန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ပွဲစုံ ကိုးပွဲဆက်၊ လိဂ်ခြောက်ပွဲဆက်အနိုင်နဲ့ အာဆင်နယ် 

ရမ်ဆေးအနေနဲ့ မနေ့က ကစားခဲ့တဲ့ ဖူဟမ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်လာခြင်းမရှိပေမယ့်လည်း ပါဝင်လာချိန်မှာတော့ အသင်းရဲ့ တတိယသွင်းဂိုးကို လှပတဲ့ နောက်ပေါက် ကန်ချက်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

အာဆင်နယ်အသင်းမှာ ကာလရှည် ကစားနေခဲ့ပြီး ဒီနှစ်ရာသီကုန်မှာတော့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အေးဂျင့် အလွတ် ဖြစ်နေတဲ့ ရမ်ဆေးအနေနဲ့ အာဆင်နယ်အသင်းနဲ့လည်း စာချုပ်ထပ်မံ ချုပ်ဆိုထားခြင်းမရှိပါဘူး။

ဒီအခြေအနေအပေါ်မှာတော့ နည်းပြ အူနိုင်းအမ်မရီက ဖူဟမ်နဲ့ပွဲအပြီးမှာ - " ကျွန်တော့်အတွက်ကတော့ သူက အရမ်းကို အရေးကြီးတဲ့ ကစား သမားတစ်ယောက်ပါပဲ။သူအသင်းနဲ့ ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပြီး အခုပွဲမှာလည်း ထင်တဲ့အတိုင်းပဲ သူ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲ ထွက်ပါမလာဘူးဆိုပေမယ့်လည်း အသင်းကို သူ အများကြီး အကူအညီပေးနိုင်ခဲ့ပါတယ်။" လို့ ပြောပါတယ်။

 

ရမ်ဆေးသွင်းယူတဲ့ ဂိုးက သူူ့အတွက်သာမက အသင်းအတွက်ပါ အများကြီး အရေးကြီးတဲ့ သွင်းဂိုး ဖြစ်တယ်လို့လည်း အမ်မရီက ဆိုပြန်ပါသေး တယ်။

ရမ်းဆေးအနေနဲ့ အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ်အသင်းကလည်း စာချုပ်သစ် ထပ်မံ ချုပ်ဆိုထားနိုင်ခြင်းမရှိတဲ့ အချိန်မှာ အခြားသော ဥရောပ အသင်းကြီးတွေက ရမ်ဆေးကို မျက်စိကျနေပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းကပဲ နောက်ဆုံးအချိန်မှာ ဆက်လက်ထိန်းထားနိုင်မလား အခြားဘယ်အသင်းကြီးကများ ရမ်ဆေးကို ခေါ်ယူသွား နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က