စည်ဖြိုးဟာ လာမယ့် အောက်တိုဘာ(၁၃) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင် ရုပ်ရှင်သက်ကြီး ဘိုးဘွား အယောက်(၁၇၀)အတွက် "မင်းသွေးနှင့် သူကိုချစ်သူများ ကောင်းမှု" ဆိုပြီး မင်းသွေးအတွက် ရည်စူးပြီး အလှူပြုလုပ်ပေး ဖို့အတွက် စီစဉ်နေပါတယ်။
Photo : စည်ဖြိုး FB
ညီအစ်ကိုလို ခင်မင်ရတဲ့ မင်းသွေးအတွက် စည်ဖြိုးတစ်ယောက် အလှူလုပ်ပေးဖို့ စီစဉ်နေပါတယ်။ စည်ဖြိုးဟာ လာမယ့် အောက်တိုဘာ(၁၃) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင် ရုပ်ရှင်သက်ကြီး ဘိုးဘွားအယောက်(၁၇၀)အတွက် "မင်းသွေးနှင့် သူကိုချစ်သူများ ကောင်းမှု" ဆိုပြီး မင်းသွေးကိုယ်စား အလှူပြုလုပ်ပေးဖို့အတွက်စီစဉ်နေပါတယ်။
သူ့အနေနဲ့ ဒီအလှူအတွက် အရမ်းကို စိတ်အားထက်သန်နေတာဖြစ်သလို ဒီအလှူမှာ သူနဲ့အတူ မိတ်ဆွေအပေါင်းအသင်းတွေလည်း ပါဝင်ပေးဖို့အတွက ်အကူအညီတောင်းထားပါသေးတယ်။
Photo : စည်ဖြိုး FB
"လာမယ့် ၁၃ရက်နေ့ စနေနေ့မှာ ရုပ်ရှင်အစည်းအရုံးကကြီးမှူးကျင်းပတဲ့.ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ရုပ်ရှင်သက်ကြီးဖိုးဖွားအယောက် ၁၇၀ ကို "မင်းသွေးနှင့်သူကိုချစ်သူများကောင်းမှု"ဆိုပြီးစာအိတ်လေးတွေနဲ့ ကိုမင်းသွေးကိုယ်စားတစ်ဦးချင်းဆီ ကပ်လှူဖို့... ကျွန်တော့်မှာ စိတ်အားသန် နေလို့..စိတ်ကူးစီစဉ်ထားပါတယ်။ကျွန်တော်နဲ့အတူ စာအိတ်လေးတွေထဲကိုကိုမင်းသွေးကိုယ်စား ကုသိုလ်တစ် တက်တစ်အားနည်း များမဆိုပါ ဝင်လိုသူများ ကိုမင်းသွေးကိူလွမ်းဆွတ်သူများ ချစ်ကြသူများ.. အမျိုးများ ကျွန်တော်နဲ့ဆန္ဒတူရင် cb မှာလာဆက်သွယ်နိုင်ပါတယ်။ သက်ကြီးပူ ဇော်ပွဲမှာ ကိုမင်းသွေး ပါလာပြီးကုသိုလ်ပြုပါဝင်တယ်ဆိုတဲ့စိတ်ကလေးနဲ့ ပီတိပွားချင်တယ်ဗျာ.တစ်ကယ်ပါ." ဆိုပြီး စည်ဖြိုးရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၈) ရက်နေ့က ညပိုင်းက ရေးသားထားတာပါ။
Photo : စည်ဖြိုး FB
မင်းသွေးအတွက် ရည်စူးပြီး အလှူတွေလုပ်နေတဲ့ နေတိုးတို့မိသားစု
ဒီအလှူမှာ သူ့တစ်ယောက် မင်းသွေးအတွက် ရည်စူးပြီး လှူရင် ပမာန နည်းမှာစိုးတာကြောင့်လို့ ဆက်လက်ပြောထားပါသေးတယ်။
"ကျွန်တော်တစ်ယောက်ထဲဆို ပမာဏ နည်းမှာစိုးတာရော..ကိုမင်းသွေးကိုချစ်ကြသူများကုသိုလ်ပါပါ ဝင်စေချင်တာရောကြောင့်ပါ..မပါဝင်နိုင်ရင်လည်း ဒီပိုစ်လေး share ပေးပြီကူညီ နိုင်ပါတယ်" ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။
Photo : စည်ဖြိုး FB
ပရိသတ်များနဲ့ မိတ်ဆွေများကလည်း ဒီအလှူမှာ ပါဝင်မယ်ဆိုပြီး ကောမန့်တွေမှာ ပြောထားတာတွေ့ရပါတယ်။မင်းသွေးအတွက် ကျန်ရစ်သူ မိသားစုတွေသာမက သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေက တက်နိုင်သလောက် အလှူဒါနလေးတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
အဆိုတော် ထူးအယ်လင်းကလည်း မင်းသွေးအတွက် ရည်စူးဘုရားထီးတင်ကုသိုလ်ပြုလုပ်ပေးမယ်ဆိုပြီး ပြောထားပါသေးတယ်။ပြည်မြို့မှာ ရှိတဲ့ ရှေးဟောင်းစေတီတစ်ဆူမှာ ဘုရားထီတင်အလှူပြုလုပ်ပေးမှာ ဆိုပြီး အာက်တိုဘာ လ ၇ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo : စည်ဖြိုး FB
မင်းသွေးဟာ အောက်တိုဘာ(၃) ရက်နေ့ ည(၁၁း၂၀)က ပါရမီဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။မင်းသွေးဟာသူချင်းတွေနဲ့အတူ ဘောလုံးကန်ရင်းကနေ မောလို့ ခဏနားပြီး ရေသောက်လိုက်တဲ့အချိန် ရုတ်တရက် လဲကျသွားရာက အရေးပေါ်သို့ ပို့လိုက်ရာက သတိပြန် မလည်လာတော့တာ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ(၇) ရက်နေ့ မနက်ပိုင်းကရေဝေးသုဿန်မှာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် မင်းသွေးတစ်ယောက် ရုတ်တရက်ဆုံးပါးသွားတဲ့သတင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ရပါတယ်။
Share