ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် စုံတွဲလေးဖြစ်တဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦး တို့ကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ရန်ဖြစ်တာ များတယ်လို့ ဆိုပါ တယ်။ ဖြိုးလေးက အစားလျှော့တဲ့ အချိန်၊ ဝါဆိုက အစားပိုစားတဲ့ အချိန်ဖြစ်နေတယ်လို့ ဝါဆိုမိုးဦးက ပြောပါတယ်။
Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်
ဝါဆိုမိုးဦးနဲ့ ဖြိုးလေး တို့ အနုပညာရှင်စုံတွဲကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ ဒါပေမယ့် သူတို့ နှစ်ဦးကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် စုံတွဲလေးဖြစ်ပါတယ်။ မကြာခဏ ရန်ဖြစ်နေရတဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။
'' ပရိသတ်တွေကတော့ ထင်ကြတယ်၊ ဝါဆိုတို့နှစ်ယောက် ပြဿနာအကြီးအကျယ်တွေ တက်ကြတယ်ပေါ့နော်။ အမှန်တော့ မဟုတ်ဘူး အစားအသောက်နဲ့ပဲ ပြဿနာတက်ကြတာ ကိုဖြိုးလေးက ဟိုဟာစားချင်ရင်၊ ဝါဆိုက ဒီဟာ စားချင်တယ်ပေါ့နော်။ နှစ်ယောက်က အတိုင်အဖောက်က မညီ၊ မသွားရတော့ ရန်ဖြစ်။ ဒီလောက်ပဲ'' လို့ ဆိုပါတယ်။
Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်
အခုချိန်မှာတော့ သူတို့နှစ်သူ နှစ်ယောက်မှာ ဖြိုးလေးကတော့ အစားလျှော့နေရတာဖြစ်ပြီး ဝါဆိုမိုးဦးကတော့ အစားတွေ အရမ်းစားနေ ဖြစ်တယ် လို့ဆိုပါတယ်။ ကံကောင်းတာကတော့ ကိုယ်စားရင် စားသလောက် မဝလာသေးတာပဲ ဆိုတာကို အောက်တိုဘာလ ၆ ရက်နေ့ က Wacoal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
'' ကိုဖြိုးလေးက အစားလျှော့နေတဲ့အချိန်၊ ဝါဆိုက စားတဲ့အချိန်ပေါ့နော်။ ဝါဆိုက အရမ်းစားတယ်။ လောလောဆယ် ကံကောင်းနေတာက ကိုယ်စားရင် စားသလောက် မတက်ဘူးဖြစ်နေတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးအမြဲတမ်း ကွိုင်တွေတက်နေတာ။ နင်က ငါ့ကို တမင်လုပ်ပြနေ သလိုပဲတဲ့'' လို့ ဖြိုးလေးက ပြောတဲ့ အကြောင်းကို ဆက်လက်ပြောပြလာတာဖြစ်ပါတယ်။
Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်
အလုပ်လုပ်လာတဲ့အတွေ့အကြုံက ရင့်ကျက်စေခဲ့တယ်ဆိုတဲ့ ဝါဆိုမိုးဦး
တစ်ယောက်နဲ့ တစ်ယောက် စားချင်တာ မစားရရင်လည်း စိတ်တို တက်ကြသေးတယ်လို့ ဝါဆိုမိုးဦးက ပြောပါတယ်။ ရန်ဖြစ်ကြတဲ့ အချိန်မှာ လည်း ဖြိုးလေးက အလျှော့ပေးတာ များတယ်လို့ ဆိုပါတယ်။
'' ဒါကလည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်စားရတာလေ၊ နည်းနည်း အသက်ကြီးလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံက အဆီက ခဲတာ ပိုမြန်တယ်။ အဲ့ဒါ ငယ်တုန်းမို့လို့ စားရတာပေါ့နော်။ သူက အသက်ကြီးပြီ သူ့ဘာသာသူ လျှော့ပေါ့နော်။ ကိုယ်စားချင်တာ မစားရရင်လည်း စိတ်တိုကြတယ်။ သူက ယောကျ်ားလေးဆိုတော့လည်း နောက်ဆုံး အလျှော့ပေးလိုက်ရတာပါပဲ'' လို့ ဆိုပါတယ်။
Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်
Rap အဆိုတော် ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါဘဲတဲ့။ ပုံစံချင်းမတူဘဲ လက်တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ညှိနှိုင်းရင်းနဲ့ဘဲ ချစ်သူသက်တမ်း ၂ နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း သူတို့နှစ်ဦးဟာ ကိုယ်ပိုင် စီးပွားရေးတွေ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။