ရီးရဲလ်ကိုပြောင်းဖို့ အိပ်မက်မက်နေဆဲလို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမား အီဒင်ဟာဇက်က ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက်လည်း ဆွေးနွေးမှာ ဖြစ်သလို ရီးရဲလ်ကိုလည်း ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေဆဲဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောကြားလိုက်ပါတယ်။ BBC ရဲ့ ရေးသားချက်အရ ဘယ်လ်ဂျီယံကစားသမားဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးပြီး နွေရာသီက ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။

Photo : AS

 

ဒီရာသီ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအတွက် (၇)ဂိုးအထိ သွင်းပေးထားပြီး ဖြစ်တဲ့ ဟာဇက်ဟာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီး နည်းပြသစ် ဆာရီရဲ့ လက်ထက်မှာ အထူးခြေစွမ်းပြကစားနေသူ ဖြစ်ပါတယ်။ ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဟာဇက်က သူ့ရဲ့ အနာဂတ်ကစားသမားဘဝအခြေအနေကို အခုလိုပြောခဲ့ပါတယ်။

ဘလွန်းဒီအောဆုအတွက် ဆန်ခါတင် (၃၀)ဦး စာရင်း ထွက်ပေါ်လာခဲ့ပြီ 

Photo : Sky Sports

 

"ရီးရဲလ်မက်ဒရစ်က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းပါ၊ ရီးရဲလ်လိုအသင်းမှာ ကစားဖို့အတွက် ကျွန်တော် ငယ်ငယ်လေးကတည်းက အိပ်မက်မက်ခဲ့ရပါတယ်၊ ဒါကို မလိမ်ညာချင်ပါဘူး၊ ဒါပေမယ့် ဒီအကြောင်းအရာကို နေ့တိုင်းပြောနေဖို့ မလိုသလို ပြောဖို့အချိန်လည်း ကျွန်တော့်မှာ မရှိပါဘူး၊ မနက်ခင်း အိပ်ယာက နိုးလာတဲ့ တချို့နေ့တွေဆို အသင်းပြောင်းရင် ကောင်းမလား စဉ်းစားမိတယ်"

Photo : Goal.com

 

"တခါတလေကျတော့လည်း ဒီမှာပဲ ဆက်နေမယ်လို့ တွေးမိတာပေါ့၊ တော်တော်လေးတော့ စဉ်းစားရ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါ၊ အခု ကျွန်တော့်အသက်က (၂၇) နှစ်ရှီပါပြီ၊ လာမယ့် ဇန်နဝါရီဆို (၂၈)နှစ် ပြည့်တော့မှာပါ၊ ခင်ဗျားမှာ အိပ်မက်တစ်ခု ရှိတယ်ဆိုရင် အဲဒီ အိပ်မက်ကို ပြည့်ဝအောင် လုပ်မှာပဲလေ၊ တကယ်လို့ ကျွန်တော် ချယ်လ်ဆီးက ထွက်ခွာသွားရမယ်ဆိုလည်း ပျော်မှာပါ၊ ပြီးတော့ ဒီမှာ ဆက်ရှိနေမယ်ဆိုရင်လည်း ကျွန်တော်ပျော်နေမှာပါပဲ"

Photo : Goal.com

 

"ကျွန်တော့်အတွက် ကောင်းမွန်တာမျိုးကို ကျွန်တော်လိုချင်တာပေါ့၊ ဒါပေမယ့် အသင်းအတွက်လည်း ကောင်းစေချင်တယ်၊ ဘာလို့လဲဆိုတော့ ချယ်လ်ဆီးက ကျွန်တော့်ကို အရာအားလုံး ပေးစွမ်းခဲ့လို့ပါ" လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။ ဟာဇက်ရဲ့ ပြောစကားတွေအရ ဆိုရင်တော့ ဟာဇက်အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ခြေလည်း ရှိနေပြီး ချယ်လ်ဆီးမှာလည်း ဆက်ရှိနေမယ့် သဘောပါပဲ။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ စိုးရိမ်စရာပြောစကား ဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က