အောက်တိုဘာလ ၈ ရက်နေ့က သွားလှူတာပါ။

ယုန်လေးနဲ့ J-Me တို့ဟာ ကျောက်ကပ်ဝေဒနာကို နှစ်နဲ့ချီ ခံစားနေရတဲ့ ဦးမန်းဝင်းအတွက် တက်နိုင်သလောက် အလှူငွေ ထောက်ပံ့ခဲ့တယ် လို့ဆိုပါတယ်။ ယုန်လေးကလည်း အနုပညာအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေတာဖြစ်သလို J-Me ကလည်း ဖျော်ဖြေရေးမှာ ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။



 

အဆိုတော် ယုန်လေးနဲ့ အဆိုတော် J-Me တို့ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းအတွက် ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဦးမန်းဝင်း ကျန်းမာဖို့ကိုလည်း ဆုတောင်းစကားတွေ ပြောခဲ့သေးတယ် လို့ ဆိုပါတယ်။

''မတွေ့တာကြာတဲ့ သူငယ်ချင်းနှစ်ယောက် ဦးမန်းဝင်းဆီသွားပြီတက်နိုင်သလောက်လှူ ၊ J ကြီးကတော့ ဆုတောင်းပေး ဦးမန်းဝင်း အမြန် ကျန်းမာ ပါစေ'' ဆိုပြီးတော့ အောက်တိုဘာလ ၈ ရက်နေ့ ည ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် Jme ရယ်၊ ဦး မန်းဝင်းရယ်၊ ယုန်လေးရယ် ၃ ယောက် အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

အရက်ဘီယာသောက်တာထက် အားကစားပိုလုပ်မယ် ဆိုတဲ့ ယုန်လေး 

ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။ အခုလည်း မျက်လုံးမမြင်ရတာနဲ့ ကျောက်ကပ်ရောဂါခံစားနေရတာလွဲလို့ သူဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်း ပြောပြထားဖူးပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးဟာ ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်းရှိပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။

Photo: J-Meဖေ့စ်ဘွတ်

 

Rap အဆိုတော် J-Me ကလည်း အခုလက်ရှိမှာ သီချင်းတွေလည်း ရေးပေးဖြစ်နေသလို၊ ဖျော်ဖြေရေးတွေလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူ နောက်ဆုံးထွက်ရှိထားတဲ့ အမွေစား အမွေခံ တစ်ကိုယ်တော် တေးစီးရီးကလည်း ၂၀၁၈ ခုနှစ် မတ်လ အတွင်းမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က