ချင်းမလေး သက်မွန်မြင့်က ချင်းတောင်ကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ထားပါတယ်။ ဇာတ်ကားတွေရိုက်လို့ နယ်ဘက်တွေ ရောက်ဖြစ်ရင် ချင်းတောင်ကိုလည်း မနေနိုင်လောက်အောင် လွမ်းတယ်လို့ဆိုပါတယ်။
Photo: သက်မွန်မြင့်ပေ့ချ်
ချင်းမလေး သရုပ်ဆောင်သက်မွန်မြင့်က သူ့ရဲ့ ချင်းတောင်ကို လွမ်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ချင်းတောင်မှာရှိတဲ့ မိသားစု အိမ်လေးကိုလည်း လွမ်းတယ် လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဇာတိမြေကို လွမ်းနေတဲ့အကြောင်းတွေကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
'' ချင်းတောင် ပြန်ဖို့ အစီအစဉ်ရှိပါတယ်။ အိမ်တော့ ပြန်လွမ်းစရာမရှိပါဘူး၊ အိမ်က ရောင်းပြီးသွားပြီဆိုတော့ သံယောဇဉ်တော့ရှိတာပေါ့နော်။ ဒီအိမ်က ကိုယ်တွေမိသားစု အားလုံးစုပြီး လုပ်အားပေးပြီးတော့ တည်ဆောက်ထားတာ ဒီဇိုင်းကအစ ပြီးသွားတဲ့အထိ ဒီမိသားစုတွေရဲ့ လုပ် အား က ပါတယ်ဆိုတော့ မိသားစုသံယောဇဉ်အိမ်ကြီးပေါ့နော်။ အိမ်ကိုတော့ လွမ်းတယ်။ ကိုယ့်ရဲ့ ဇာတိမြေဆိုတော့ လွမ်းတာပေါ့'' လို့ ဆိုပါတယ်။
အဝေးချစ်ဇာတ်ကားထဲက ကာရိုက်တာကို သဘောကျနေတဲ့ သက်မွန်မြင့်
Photo: သက်မွန်မြင့်ပေ့ချ်
သက်မွန်မြင့်ဟာ နယ်တွေမှာ ဇာတ်ကားသွားရိုက်ရတဲ့အခါ၊ တော တောင် ရှုခင်းတွေ၊ တိမ်တွေ မြင်ရတဲ့အခါဆိုရင် ချင်းပြည်ကို အရမ်းလွမ်း တယ်လို့ ဆိုပါတယ်။ သံယောဇဉ်ရှိခဲ့တဲ့ အိမ်လေးကိုလည်း ပြန်မရနိုင်တော့ဘူးလေလို့ အောက်တိုဘာလ ၄ ရက်နေ့က အဝေးချစ်ရုပ်ရှင် ဇာတ်ကား အထူးပွဲမှာ ဖြေဆိုခဲ့ပါတယ်။
''နယ်တွေ ဘာတွေသွား၊ ရှမ်းပြည်ဘက် ဘာဘက် သွားလု့ိရှိရင် မနေနိုင်ဘူး ချင်းတောင်ကို အရမ်းလွမ်းတယ်။ တောတောင်တွေမြင်ရတယ်။ တိမ်တွေမြင်ရပြီဆိုရင် ချင်းတောင်ကို သတိရတာပေါ့။ အိမ်ကိုပြန်လိုချင်တဲ့စိတ်တော့ရှိပါတယ် သံယောဇဉ်ကြီးတာကိုး။ ဒါပေမယ့်လည်း ကိုယ် မပိုင်ဆိုင်ရတော့တဲ့ အချိန်မို့လို့ မပိုင်ဆိုင်ရတော့တာလေ'' လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: သက်မွန်မြင့်ပေ့ချ်
ချင်းပြည်နယ်ကို သံယောဇဉ်ကြီးသူဖြစ်ပြီး ဇာတိမွေးရပ်မြေကို ချစ်တဲ့ သက်မွန်မြင့်ဟာ ချင်းပြည်နယ်အတွက် ဆောင်ရွက်ရမယ့် အရာလေးတွေကို ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီ့အတွက်လည်း အဓိက ထား ဆောင်ရွက်ချင်တယ်လို့ သူ့ရင်ထဲက ဆန္ဒတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
'' အရှေ့မှာကတော့ သွားဖြစ်သေးတယ်။ အခုနောက်ပိုင်း ချင်းပြည်နယ်အတွက် Plan လေးတွေရှိတယ်။ မြို့ပြ စီမံကိန်းလေးတွေတော့ ရှိတယ်။ အဲ့ဒီအတွက် သွားရဖို့ရှိတယ်၊ ဒါတွေကလည်း ဖြစ်သွားတော့မှ ပြောတာကောင်းပါတယ်။ အခုက ချင်းပြည်နယ်ကိုလည်း တော်တော် များများက စိတ်ဝင်စားလာကြတယ်ဆိုတော့ ဖွံ့ဖြိုးတိုးတက်မှု အရမ်းအားနည်းတဲ့အခါကျတော့ အဲ့ဒီဘက်ကို အားစိုက်ချင်တယ်'' လို့ သူကဆိုပါတယ်။
Photo: သက်မွန်မြင့်ပေ့ချ်
သက်မွန်မြင့်ဟာ ချင်းတိုင်းရင်းသူလေး တစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါလွန်းတာကြောင့် မော်ဒယ်လ် သင်တန်းတက်ရင်း ကြိုးစားလာခဲ့တာပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ ၁၈ နှစ်ရှိပြီဖြစ်ပါတယ်။
အခုချိန်မှာတော့ ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကား ကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။
Share