လီဗာပူးအသင်းရဲ့ ဒု-အသင်းခေါင်းဖြစ်ပြီး လက်ရှိ ကွင်းလယ်ကို အဓိက မောင်းနှင်နေသူ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အောက်တိုဘာလတစ်လုံး အနားယူရမှာ ဖြစ်ပြီး ဟက်ဒါဖီးလ်၊ကာဒစ်နဲ့ ရက်စတားဘဲဂရိတ်အသင်းတို့နဲ့ ပွဲစဉ်တွေကို လွဲချော်တော့မယ်လို့ သိရပါတယ်။

Photo - Getty Images

 

မန်စီးတီးနဲ့ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ ပွဲကစားချိန် ၂၆ မိနစ်မှာရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လီဗာပူးအသင်းရဲ့ ဒု- အသင်းခေါင်း ဆောင် ဂျိမ်းမီလ်နာ တစ်ယောက် အောက်တိုဘာလကုန်အထိ ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ချယ်လ်ဆီးပရိသတ်တွေ စိုးရိမ်စေမယ့် စကားတွေကို ပြောခဲ့တဲ့ ဟာဇက် 

ဒါကြောင့် ဒီလထဲမှာ ကစားရဖို့ရှိနေတဲ့ လီဗာအသင်းရဲ့ ဟက်ဒါဖီးလ်၊ကာဒစ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ပွဲအပါအဝင် ရက်ဒ်စတား ဘဲလ်ဂရိတ် အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲတစ်ပွဲကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။

Photo - Getty Images

 

အဆိုပါ ၃ ပွဲကို လွဲချော်မယ့် မီလ်နာအနေနဲ့ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကစားရမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ ပြန်လည်ပွဲထွက်နိုင်ပါ့ မလားဆိုတာကိုလည်း နည်းပြ ကလော့ပ်က စိုးရိမ်နေပါတယ်။

သူမကစားနိုင်ဘူးဆိုရင်တော့ ကွင်းလယ်မှာ ဖာဘင်ဟို၊နဘီကီတာတို့ရှိနေသလို အဒမ်လယ်လာနာလည်း အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန် ဆင်းနေပြီ ဖြစ်ပါတယ်။

Photo - Getty Images

 

နောက်ထပ် ကစားသမားတစ်ယောက်ဖြစ်တဲ့ ချိန်ဘာလိန်းကတော့ ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ဒီနှစ်အကုန်ထိ ကစားနိုင်ဖို့ မမြင်မိဘူးလို့ လည်း သိရပါသေးတယ်။

ဒါ့အပြင် နောက်ထပ် အဓိက နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ကိုလည်း နိုင်ငံအသင်းဖြစ်တဲ့နယ်သာလန်အသင်းက ဂျာမနီနဲ့ ကစားမယ့် နိုင်ငံ တကာပွဲအတွက် ရွေးချယ်သွားခဲ့လို့ ကလော့ပ်အတွက် စိုးရိမ်စရာ ဖြစ်နေပြန်ပါသေးတယ်။

Photo - Getty Images

 

အကြောင်းကတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပွဲတုန်းက နံရိုး ထိခိုက်ဒဏ်ရာရထားခဲ့တာ ဖြစ်ပြီး ထပ်မံ ထိခိုက်ဒဏ်ရာရမှာကို စိုး ရိမ်နေတာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ သရေကျခဲ့လို့ လက်ရှိ ရမှတ် ၂၀ ရရှိထားပေမယ့် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ထက် ရဂိုး နည်းနေလို့ အဆင့် ၃ နေရာမှာ ရမှတ်တူနဲ့ ရပ်တည်နေရပါတယ်။

Share

Loading Next Article...
က္က