အသက်ရှုကြပ်ဝေဒနာခံစားခဲ့ရပြီး မစိုးရိမ်ဘူးလို့သိရပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ Gallant Ocean ငါး/ပုဇွန်အအေးခန်း စက်ရုံက ယိုစိမ့်တဲ့ အမိုးနီးယားဓာတ်ငွေ့တွေ ရှုမိလို့ လူခြောက်ဦး ဆေးရုံတတ်ကုသမှုခံယူခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။



 

 

အောက်တိုဘာလ ၇ ရက်နေ့က အဆိုပါ ငါး၊ပုဇွန်အအေးခန်းစက်ရုံမှာ အမိုးနီးယားသိုလှောင်အိုးရဲ့ ဓာတ်ငွေ ပြန်ပိုက် ၌တပ်ဆင်တဲ့ ဘားချို့ယွင်းမှုကြာင့် ဓာတ်ငွေ့တွေ စိမ့်ထွက်လာခဲ့တယ်လို့သိရပါတယ်။

ဓာတ်ငွေ့တွေစိမ့်ထွက်လာခဲ့လို့ အဆိုပါစက်ရုံအအေးခန်း စက်မောင်းတာဝန်ယူတဲ့ အသက် ၂၆ နှစ်အရွယ်  ကိုသားငယ် (ခ) တင်ထွန်းဦးနဲ့ အမျိုးသမီး ငါးတို့ အမိုးနီးယားဓာတ်ငွေ့တွေရှုမိခဲ့ပြီး  အသက်ရှုကြပ်ခဲ့တယ်လို့ ပြည်ထဲရေး ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါကြောင့် အသက်ရှုကြပ် လူနာတွေကို လှိုင်သာယာပြည်သူ့ဆေးရုံကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စက်ရုံအအေးခန်းထဲက ဓာတ်ငွေ့ယိုစိမ့်မှုမရှိစေရေးကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီမှူးရုံးတာဝန်ရှိသူတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က