ဘုန်းမောက်မှာကစားနေတဲ့ နသန်အကီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ဘုန်းမောက်အသင်းရဲ့ ခံစစ်ကစားသမား နသန်အကီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကနေ ထုတ်ပယ်မခံရမီအချိန်အထိ နသန်အကီနဲ့ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး အကီရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်ပြီး အလားအလာများစွာရှိသူလို့ သတ်မှတ်ခဲ့ပါတယ်။

gettyimages-1046492426.jpg

ဘုန်းမောက်အသင်းကို ၂၀၁၆-၂၀၁၇ ရာသီမှာ အငှားနဲ့သွားရောက်ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ နသန်အကီဟာ ဘုန်းမောက်အသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့သူဖြစ်ပါတယ်။ နသန်အကီရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်ဟာ ပရီးမီးယားလိဂ်ကလပ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့ပြီး Daily Star ရဲ့သတင်းရ စပါးနဲ့မန်ယူဟာ ဇန်နဝါရီလမှာ အကီကို အပြိုင်အဆိုင်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုနွေရာသီမှာ ထိပ်တန်းအဆင့် နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူချင်ခဲ့ပေမယ့် အဓိကပစ်မှတ်ထားကြိုးပမ်းခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းရားနဲ့ အယ်ဒါဝီလ်တို့ကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခံစစ်ဟာ ပြီးခဲ့တဲ့ရာသီက တော်တော်လေးကောင်းမွန်ခဲ့ပေမယ့် ယခုရာသီအစ ၈ ပွဲကစားပြီးချိန်မှာ ၁၄ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာကွက်တွေများစွာရှိနေတဲ့ ခံစစ်အတွက် လာမယ့်ဇန်နဝါရီလမှာ နောက်ခံကစားသမားတစ်ဦးကို မရမက ခေါ်ယူသွားမှာဖြစ်ပြီး မော်ရင်ဟိုက ၎င်းရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ နသန်အကီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကလည်း အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နသန်အကီဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်နေတဲ့ အယ်ဒါဝီလ်ရဲ့နေရာမှာ အစားထိုးနိုင်မယ့်ကစားသမားဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

ဘုန်းမောက်နည်းပြအက်ဒီဟောင်းကတော့ နသန်အကီကို အသင်းကနေ ထွက်ခွာဖို့ ခွင့်ပြုလိုတဲ့ဆန္ဒမရှိဘဲ ယခုရာသီအစောပိုင်းက နသန်အကီနဲ့ပတ်သက်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့အကြောင်းကို ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"နသန်က ခြေစွမ်းပိုင်းတည်ငြိမ်တဲ့ကစားသမားတစ်ယောက်ပါ။ ပွဲနေ့မှာတင်မဟုတ်ဘဲ လေ့ကျင့်ရေးနေ့တိုင်းမှာ ခြေစွမ်းပိုင်း တည်ငြိမ်တဲ့သူပါ"

"ဒါက ခြေစွမ်းပိုင်းတိုးတက်နိုင်တဲ့ ပရော်ဖက်ရှယ်နယ်တစ်ယောက်ရဲ့ အမှတ်အသားတစ်ခုပါပဲ"

"နွေရာသီမှာ သူ့ကို ရရှိဖို့ ကျွန်တော်တို့ ကြီးကြီးမားမားတိုက်ပွဲဝင်ခဲ့ရပါတယ်။ အဲဒါက တော်တော်လေး မလွယ်ကူခဲ့ပါဘူး။ သူ့အတွက် ကောင်းမွန်တဲ့ရာသီတစ်ခု ပိုင်ဆိုင်နေတဲ့အတွက် ကျွန်တော် စိတ်ပျော်ရွှင်မိပါတယ်"

"အဲဒီလို အရည်အသွေးနဲ့ စိတ်သဘောထားမျိုးရှိတဲ့ ဒီလိုအသက်အရွယ်လောက်နဲ့ ကစားသမားတစ်ဦးကို ဒီနေ့လိုအချိန်မျိုးမှာ ခေါ်ယူနိုင်ဖို့ ခက်ခဲပါတယ်။ သူက ကောင်းမွန်ပြီးသားပါ။ အသက် ဒီထက်ပိုကြီးလာဖို့နဲ့ ပိုပြီးကောင်းလာဖို့ပဲရှိပါတယ်"

"ခင်ဗျားရဲ့အသင်းကို တည်ဆောက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့စိတ်နေစိတ်ထားမျိုး သူ့မှာရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က