ဒီနေ့ကတော့ သူ့ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒီနေ့ကတော့ သရုပ်ဆောင်နေဒွေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနေတာ ဖြစ်လို့ မွေးနေ့မှာ မိခင်နဲ့အတူ ရှိမနေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Photo: နေဒွေးဖေ့စ်ဘွတ်

 

သရုပ်ဆောင်နေဒွေးဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ မိခင်နဲ့အတူတူ ရှိမနေနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိ မှာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေရတာ ဖြစ်တဲ့အတွက် အဝေးရောက်နေတယ်လို့ သိရပါတယ်။ သူ့ မေမေကို ချစ်တဲ့အကြောင်းတွေ အခုလို ရေးသားထားပါတယ်။

'' ဒီနေ့ မှာ ကျွန်တော့်ကိုလူလားမြောက်အောင်မွေးထုတ်ပေးခဲ့တဲ့ ချစ်မေမေ ကိုကျေးဇူးအထူးတင်ရှိပါတယ်။ ဒီထက်ပိုလိမ္မာပြီး မေမေ့ကို မွေးကျေးဇူး၊ ကျွေးကျေးဇူး ဆပ်ပါမယ်။ မွေးနေ့မှာ မေမေ့ဘေးနားနေမပေးနိုင်တာနားလည်ခွင့်လွှတ်ပေးပါ့နော်'' ဆိုပြီးတော့ အောက်တို ဘာလ ၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: နေဒွေးဖေ့စ်ဘွတ်

 

သရုပ်ဆောင် နေဒွေးဟာ အမေချစ်တဲ့ သားဖြစ်ပါတယ်။ သူ ဘယ်နေရာသွားသွား၊ ဘာဇာတ်ကားရိုက်ရိုက် ဘေးနားမှာ မိခင်ကို အမြဲထား တတ် သူတစ်ယောက်ပါ။ တစ်ဦးတည်းသော သားလည်းဖြစ်သလို မိခင်ကိုလည်း စိတ်ချမ်းသာအောင် ထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ နေဒွေးက တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတယ်လို့သိရပါတယ်။

အနုပညာကြေးထဲကနေ အလှူအတန်းလုပ်ဖြစ်ခဲ့တဲ့ နေဒွေး 

နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

Photo: နေဒွေးဖေ့စ်ဘွတ်

 

နေဒွေး ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က