ရေစက်တွေ ခိုင်မြဲဖို့အတွက်တဲ့။

အဆိုတော် ဖြိုးမြတ်အောင်က   မိတ်ဆွေတွေနဲ့အတူ အလှူတစ်ခု အတူတူပြုနိုင်ဖို့ အတွက် အလှူရှင်တွေ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တောင်ညိုလေး တောရကျောင်းကို သွားရာလမ်းရှိ တံတားပြိုကျ ပျက်စီးနေတာ ကြောင့် ပြန်လည်ပြုပြင်ဖို့ အတွက် စီစဉ်နေတာ တွေ့ရပါတယ်။

Photo : ဖြိုးမြတ်အောင် FB

 

အဆိုတော် ဖြိုးမြတ်အောင်က   မိတ်ဆွေတွေနဲ့အတူ အလှူတစ်ခု အတူတူပြုနိုင်ဖို့ အတွက် အလှူရှင်တွေ ဖိတ်ခေါ်ထားတာ တွေ့ရပါတယ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တောင်ညိုလေး တောရကျောင်းကို သွားရာလမ်းရှိ တံတားပြိုကျပျက်စီးနေတာကြောင့် ပြန်လည်ပြုပြင်ဖို့ အတွက် စီစဉ်နေတာ တွေ့ရပါတယ်။

အဆိုပါ တံတားကို ပြင်ဆင်ဖို့အတွက် သိန်း(၁၀၀)လောက် ကုန်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့ဆီမှာ အလှူငွေ သိန်း(၄၀) မတည်ထားတာရှိနေတာကြောင့် လိုအပ်တဲ့ သိန်း(၆၀)လိုအပ်နေသေးတယ်လို့ သိရပါတယ်။

Photo : ဖြိုးမြတ်အောင် FB

 

ဒါကြောင့် သူ့ရဲ့ မိသားစုများ မိတ်ဆွေများ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် ဖြိုးမြတ်အောင်က ယခုလို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

"ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တောင်ညိုလေးတောရကျောင်းသို့ သွားရာလမ်းရှိ တံတား ပြိုကျပျက်စီးသွားတာကို ပြုပြင်တည်ဆောက်ရာမှာ ကျွန်တော့် ရဲ့မိသားစုတွေ လှူဒါန်းနိုင်ဖို့ ကြေငြာပေးချင်လို့ပါ။ တဦးတည်း လှူတာထက် အများစုပြီး လှူတာကမှ ရေစက်တွေကို ဆက်လက် ခိုင်မြဲစေမယ် မဟုတ်ပါလားဗျာ။သိန်း (၁၀၀) လောက်ကုန်ဖို့ မှန်းထားပါတယ်။ ကျွန်တော့်ဆီမှာတော့ အလှူငွေ သိန်း (၄၀) မတည် ထား တာတော့ ရှိနေပါပြီ။ လိုအပ်နေသေးတဲ့ သိန်း (၆၀) ရယ်၊ ဆရာတော် တည်ဆောက်နေတဲ့ ဘုရားတွေအတွက်ရယ် နဲ့ ပညာဒါန ကျောင်း အတွက်ပါ လှူဒါန်းလို့ ရပါတယ်။" ဆိုပြီး အောက်တိုဘာ(၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဖြိုးမြတ်အောင် FB

 

လှူဒါန်းချင်တဲ့ မိတ်ဆွေများအနေနဲ့ အောက်တိုဘာ(၁၅) ရက်နေ့ကစလို့ (၁၈) ရက်နေ့အထိ ဟင်္သာတမြို့မှာ ရှိတဲ့ တောင်ညိုလေးဆရာ တော် အဂ္ဂဓူရဝိဇ္ဇာဓရ အရှင်ကုသလ လက်ဝယ်ထံသို့ တိုက်ရိုက်လှူလို့ရကြောင်း ဆက်လက်ပြောထားပါသေးတယ်။ရပ်ဝေးက လှူဒါန်းချင်တဲ့ သူများအတွက်ကိုလည်း  AYA Bank Account ကိုလည်း ပေးထားပါသေးတယ်။

"ရပ်ဝေးကနေ လှူချင်ရင်တော့ AYA bank account တခုတည်းကနေသာ လက်ခံပေးမှာပါ။ တောင်ညိုလေးကျောင်းကိစ္စအပြင် ကျွန်တော့်ရဲ့ နောင်လုပ်မယ့် ပရဟိတအလှူအတန်းတွေအတွက် မတည်ငွေအဖြစ်လည်း ထည့်ဝင်ပေးလို့ရပါသေးတယ်။Bank အကောင့်ကနေ လွှဲပြီးတဲ့အခါ ဆက်သွယ်ရမယ့်လူတွေကို ဆက်သွယ်ပြီး တောင်ညိုလေးကျောင်းအတွက် အလှူငွေ (သို့) အခြားအလှူတွေအတွက် မတည်ငွေ ဖြစ်ကြောင်း ပြောပြပေးစေလိုပါတယ်။ စာရင်း အတိအကျ ချပြပြီး ကြေငြာလှူဒါန်းပေးသွားမှာပါ" ဆိုပြီး ဆက်လက်ရေးသားထားပါသေးတယ်။

Photo : ဖြိုးမြတ်အောင် FB

 

လှူဒါန်းချင်သူ မိတ်ဆွေများအတွက် 'AYA bank account - 0021222013457408 'Account name - U Zaw Zaw + 2 ၊ ဒေါက်တာဖြိုးပိုင်စိုး ဖုန်း-09960955450 ၊ ကိုဒီဇင်ထွန်း ဖုန်း- 09773711135၊ ကိုဇေပိုင် ဖုန်း-09978411101" သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

 ဖြိုးမြတ်အောင်က ယခုလက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေသလို ပရဟိတလုပ်ငန်းများလည်း ဆက်တိုက်ဆိုသလို လုပ်ကိုုင်နေတာ တွေ့ရပါ တယ်။Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေဖြစ်တဲ့ ဘုရားထီ တင် ဖို့ကိုလည်း အကောင်အထည်ဖော်ပေးဖို့ ကြိုးစားနေသူပါ။

Share

Loading Next Article...
က္က