နယူးကာဆယ်နဲ့ပွဲအပြီး ကွင်းဘေးစည်းမှာ ပြောကြားခဲ့တပါ။

အက်ဖ်အေဟာ ပြီးခဲ့တဲ့စနေနေ့ညက နယူးကာဆယ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ကွင်းဘေးစည်းမှာ ပြောကြားခဲ့တဲ့ မော်ရင်ဟိုရဲ့မှတ်ချက်စကားကို စုံစမ်းစစ်ဆေးသွားဖို့ ပြင်ဆင်နေပြီလို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

jose.JPG

Photos: Fox Sport

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့နယူးကာဆယ်နဲ့ပွဲအပြီးမှာ ကွင်းအတွင်းက အထွက် ပေါ်တူဂီဘာသာစကားနဲ့ ပြောဆိုခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။ မော်ရင်ဟို ပြောဆိုခဲ့တဲ့စကားဟာ တိုက်ခိုက်မှု၊ စိတ်အနှောင့်အယှက်ဖြစ်စရာ ဒါမှမဟုတ် ရုန့်ရင်းကြမ်းတမ်းတဲ့အသုံးအနှုန်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ကွင်းအတွင်းကြီးကြပ်ခွင့် ပိတ်ပင်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့သောကြာနေ့က နယူးကာဆယ်နဲ့ပွဲအပြီးရလဒ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြခြင်းကို ခံခဲ့ရသူဖြစ်ပြီး နောက်ပိုင်းမှာ အသင်းက ယင်းသတင်းတွေနဲ့ပတ်သက်ပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

Photos: Irish Times

 

ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းကို ဒုတိယပိုင်းမှာ နောက်ကနေ ဂိုးတွေလိုက်သွင်းပြီး ပွတ်ကာသီကာအနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မော်ရင်ဟိုက ပွဲအပြီးအင်တာဗျူးဖြေကြားရာမှာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေရဲ့နောက်ကွယ်မှာ ၎င်းကို ဆိုးသွမ်းတဲ့ လူဖမ်းပွဲကြီးပြုလုပ်ချင်သူတွေရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရူနီဟာလည်း ၂၀၁၁ ခုနှစ်တုန်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ကင်မရာကို ပုတ်ချခဲ့တဲ့အတွက် ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။

Share

Loading Next Article...
က္က