ဆက်သွယ်ရေးအော်ပရေတာတွေစုပေါင်းစတင်ခဲ့တာပါ။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတွေအပေါ် လိမ်လည်မှုတွေအတွက် ဆက်သွယ်ရေးအော်ပရေတာတွေ စုပေါင်းပြီး သုံးစွဲသူ ကာကွယ်ရေးလှုပ်ရှားမှုုကို စတင်လိုက်ပြီ ဖြစ်တယ်လို့ အဆိုပါ အော်ပရေတာတွေက အောက်တိုဘာ ၉ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။



 

 

မိုဘိုင်းဖုန်းအသုံးပြုသူတွေကို “Missed Call” ခေါ်ဆိုပြီးလိမ်လည်တာ၊ “SMS တွေကတဆင့် link များ” ပေးပိုပြီး လိမ်လည်တာ၊ “သုံးစွဲသူဝန်ဆောင်မှု” သို့မဟုတ် “ကံစမ်းမဲပေါက်တယ်လို့ အကြောင်းကြားတာ စတဲ့နည်းလမ်းတွေနဲ့ လိမ်လည်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အရည်အသွေးနိမ့်တဲ့ ဒါမှမဟုတ် လုံခြုံမှုနည်းတဲ့ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေဝယ်ယူခိုင်းတာ၊ အထူးဝန်ဆောင်မှုတွေဖြစ်တဲ့ မိုဘိုင်းဖုန်းခေါ်ဆိုခ အဆမတန်ကုန်ကျစေတဲ့ ဝန်ဆောင်မှုတွေကို မတော်တဆဖုန်းခေါ်မိတာ၊ ကိုယ်ပိုင် PIN နံပတ် ဒါမှမဟုတ် လျှို့ဝှက်နံပတ်တွေ ရယူူတာ၊ ဈေးနှုန်းမြင့်တဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူ သတိမထားမိခင်မှာ ရယူမိစေတဲ့နည်းလမ်းတွေနဲ့ လိမ်လည်နေကြတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ဖုန်းစနစ်ထဲ့ကို မယုံကြည်ရတဲ့ အက်ပလီကေးရှင်းနှင့် ဖိုင်များ ထည့်သွင်းခြင်းကို ခွင့်မပြုရန်၊ ဝင်ရောက် လာတဲ့အရာက ကိုယ်ရေးကိုယ်တာအချက်များကို ခိုးယူပြီး လိမ်လည်သူတွေက သင်ရဲ့ မိုဘိုင်းလ်ဘဏ်စနစ်ကို ဝင်ရောက်ခြင်း (ဒါမှမဟုတ်) အဆင့်မြင့်ဝန်ဆောင်မှုများရယူတဲ့ ဖုန်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်တယ်လို့သိရပါတယ်။

မသိတဲ့ ပြည်ပက ဖုန်းနံပတ်နဲ့ ဖုန်းခေါ်ဆိုခြင်းတွကို ဖြေကြားခြင်းမပြုဖို့နဲ့ ဖုန်းလက်ခံရရှိပါကလည်း ချက်ချင်းဖုန်းချရမှာ ဖြစ်ပြီး အခြားတစ်ဖက်က ပြန်လည်ဖြေကြားသူမရှိဘဲ ဖုန်းကိုင်ထားဖို့ ပြောတဲ့ ခေါ်ဆိုမှုတွေကို ဖုန်းချရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိရဲ့ Password နဲ့ PIN နံပတ်တွေကို မိမိမသိတဲ့ ဖုန်းခေါ်ဆိုသူတွေကို မပေးသင့်ကြောင်း၊ ဘဏ်အကောင့်/ချေးငွေကတ်/အမည်နှင့်လိပ်စာ စတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်အသေးစိတ်ကို မိမိမသိတဲ့ ဖုန်းခေါ်ဆိုသူတွေကိုလည်း မပေးသင့်ကြောင်း ထုတ်ပြန်ပါတယ်။

အသုံးပြုနေတဲ့ ဆင်းကတ်ကိုလည်း မှတ်ပုံတင်ရမှာဖြစ်ပြီး မိမိကိုင်ဆောင်တဲ့ ဖုန်းကတ်ကလွဲပြီး အခြားကတ်တွေကို မိမိမှတ်ပုံတင်အသုံးပြုပြီး မှတ်ပုံတင် ခြင်းမပြုရန် သတိပြုရပြီး မိမိမှတ်ပုံတင်နဲ့ ဆင်းကတ်ကို အသုံးပြုပြီး ရာဇဝတ်မှုကျူးလွန်ရင် မိမိမှာလည်း တာဝန်ရှိနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က