ဗီဒီယိုဇာတ်ကားတွေ အများကြီးရိုက်ထားပါတယ်။

ပိုးအိအိခန့်က '' တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးထား ပေမယ့်လည်း ဈေးကွက်အခြေအနေအရ ပရိသတ်ဆီ မရောက်နိုင်သေးဘူးလို့ဆိုပါတယ်။

 

သရုပ်ဆောင်ပိုးအိအိခန့် က အခုလက်ရှိမှာ '' တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သူနာပြုဆရာမ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး လိုအပ်တဲ့အရာတွေ၊ အရေးကြီးတဲ့ အချက်အလက်တွေကို လေ့လာ ထားတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ အစ်မက သူနာပြုဆရာမတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဓိက ပြင်ဆင်မှုကတော့ သူနာပြုဆရာမ တစ်ယောက်ရဲ့ ပြောပုံဆိုပုံ၊ ပြီးတော့ မှားလို့မရတဲ့ အရာလေးတွေကိုလည်း သေချာ လေ့လာထားပါတယ်။ ဇာတ်ကားတစ်ကားအတွက် ရင်ခုန်မှုဆိုတာထက် တက်တက်ကြွကြွ လုပ်ချင်တဲ့စိတ်ကတော့ အမြဲရှိပါတယ်'' လို့ ဆိုပါတယ်။

 

ပိုးအိအိခန့်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ပညာရေးနဲ့ အနု ပညာအလုပ်တွေကို တွဲပြီးဆောင်ရွက်နေသူဖြစ်ပါတယ်။ ဗီဒီယိုဈေးကွက်အခြေအနေကြောင့်လည်း ပရိသတ်နဲ့ အဆက်ပြတ်နေသလို ဖြစ်နေတယ်လို့ အောက်တိုဘာလ ၁ ရက်နေ့ မနက်က တုနှိုင်းမဲ့ မေတ္တာရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဗီဒီယိုဈေးကွက်ကလည်း ပျက်သလိုဖြစ်သွားတော့ ရိုက်ပြီးသားကားတွေတောင်မှပဲ ထွက်ဖို့ တော်တော်ခဲယဉ်းနေပါလိမ့်မယ်။ အစ်မရိုက် ထားတဲ့ဇာတ်ကားတွေလည်း အများကြီးပါပဲ ဒီလိုအခက်အခဲတွေကြောင့်လည်း ပရိသတ်ဆီ အရောက်နှေးနေတာဖြစ်မှာပါ။ ပြီးတော့ ပညာရေး ကိုအားစိုက်နေရတဲ့အချိန်မှာ ပရိသတ်တွေကို ပစ်ထားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုအောင်မနေဘူးဆိုတဲ့ ပိုးအိအိခန့် 

ဗီဒီယို မင်းသမီးအနေနဲ့ ပရိသတ်လက်ခံထားပေမယ့်လည်း ဈေးကွက်အခြေအနေကြောင့် ပရိသတ်နဲ့ နီးစပ်မှုမရှိတဲ့အခါ စိတ်မကောင်းတော့ ဖြစ်တယ်လို့ ပိုးအိအိခန့်က ပြောပါတယ်။

'' ဒါကလည်း ကံကြမ္မာလို့ပဲ ပြောရတော့မှာပေါ့နော်၊ ကိုယ်လည်းကြိုးစားတယ်၊ လုပ်စရာရှိတာလေးတွေလုပ်တယ်။ ဖြစ်မလာတဲ့ အပေါ်မှာ ခံတော့ ခံစားရတယ်၊ စိတ်မကောင်းတော့ဖြစ်တယ်။  ဖြစ်လာမှာပါလေဆိုပြီးတော့ ကိုယ်ကတော့ ကြိုးစားစရာရှိတာ ကြိုးစားမယ်ဆိုတဲ့ စိတ်ကလေးပဲ ထည့်ပါတယ်'' လို့ သူကဆိုပါတယ်။

 

ပိုးအိအိခန့်ဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း တုနှိုင်းမဲ့ မေတ္တာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် နဲ့ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာလည်း အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က