ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ မော်ဒယ်အဆိုတော် ဟိန်းမင်းသူတစ်ယောက် အားကစားလုပ်ရင်း Heart attack ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။
ဆယ်ကျော်သက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ မော်ဒယ်အဆိုတော် ဟိန်းမင်းသူတစ်ယောက် အားကစားလုပ်ရင်း Heart attack ဖြစ်လို့ ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့ (အောက်တိုဘာ၉ရက်)မှာ လက်ခံထားတဲ့ အလုုပ်ကိစ္စတွေကို အကြောင်းမကြားဘဲ ဖြတ်လိုက်ရတဲ့အတွက်လည်း သူ့အနေနဲ့ တောင်းပန်ထားပါသေးတယ်။
"ကျွန်တော်အားကစားဆော့ရင်း နှလုံး Heart attack ဖြစ်ပြီးရုတ်တရက်ဆိုသလို ဆေးရုံရောက်သွားလို့ဒီနေ့လက်ခံထားတဲ့အလုပ်ကိစ္စများ အကြောင်းမကြားဘဲဖြတ်လိုက်ရလို့ ကျွန်တော်အနူးညွန့်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော့်ကို ညီလေးတစ်ယောက်လိုလိုက်လုပ်ပေးတဲ့ ကို Ar Kar ရယ် ကျွန်တော့် Brother in law( Sister's husband) ရယ်။စိတ်ပူပေးကြတဲ့သူငယ်ချင်းတွေရယ်ကျေးဇူးပါ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၉) ရက်နေ့က ရေးသားထားတာပါ။
လက်ရှိမှာ ကျန်းမာရေး အခြေအနေ နည်းနည်းသက်သာလာပါပြီဆိုပြီး ပြောထားပါသေးတယ်။ ပရိသတ်တွေစိတ်မပူဖို့အတွက် မှာထားပါ သေးတယ်။ပရိသတ်တွေကတော့သူ့ကို အားကစားဆက်မလုပ်ဖို့ Gym ဆော့တာကို နားထားဖို့အတွက် တိုက်တွန်းထားတာတွေ့ရပါတယ်။
ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် အရိပ် ဆိုတဲ့ ဇာတ်လမ်းတွဲ မှာလည်းစီနီယာအနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စုစုလှိုင်ကို အရမ်းကြိုက်တဲ့ ဆေးကျောင်းသား စိုင်းမင်းဆွေ ဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားသူပါ။
နောက်ထပ်လည်း ပျားရည်အိုင် ဆိုတဲ့ ဇာတ်ကား ကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။