ကျောနံပါတ် ၇ က အရှိန်အဝါကြီးမားပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးပါ,ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၇ ဆိုတာ ဂန္တဝင်နံပါတ်တစ်ခုပါ။ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခဲ့တဲ့ မန်ယူကစားသမားတိုင်း အသင်းအတွက် အရေးပါခဲ့ပြီး ကမ္ဘာကျော်တွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမား ရော်နယ်ဒိုရဲ့မန်ယူခေတ်အလွန်မှာတော့ ကျောနံပါတ် ၇ ဟာ ကျိန်စာသင့်နေခဲ့ပါပြီ။


4737468-6236241-image-a-84_1538581687362.jpg

Photo: Daily Mail

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၇ က ဂျော့ဘတ်စ်၊ ကန်တိုနာ၊ ဘက်ဟမ်း၊ ရော်နယ်ဒိုစတဲ့ ဂန္တဝင်ကစားသမားတွေဝတ်ဆင်ခဲ့တဲ့ နံပါတ်ပါ။ ကျောနံပါတ် ၇ က အရှိန်အဝါကြီးမားပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးပါ,ပါတယ်။ မန်ယူကစားသမားတိုင်း ကျော်နံပါတ် ၇ ကိုလိုချင်ကြပြီးခြေစွမ်းပြကစားနိုင်ဖို့မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ ကျောနံပါတ် ၇ ဟာ ကျိန်စာသင့်နေပါပြီ။ ၂၀၀၉ခုနှစ်မှာ မန်ယူရဲ့ကျောနံပါတ် ၇ ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ဒီနံပါတ်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ အစဉ်အလာပျောက်ဆုံးခဲ့ပြီး ဖိအားတွေ၊ ပြဿနာတွေနဲ့သာ ရင်ဆိုင်နေရပါတယ်။

မော်ရင်ဟိုရဲ့မှတ်ချက်စကားကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ့် FA 

Photo: Daily Mail

 

ရော်နယ်ဒိုခေတ်အလွန်မှာ လက်ရှိနောက်ဆုံးကျောနံပါတ် ၇ ကစားသမား ဆန်းချက်ဇ်အပါအဝင် ကစားသမား ငါးဦးဝတ်ဆင်ခဲ့ကြပါတယ်။ ဒီကစားသမားတွေကတော့ မိုက်ကယ်အိုဝင်၊ ဗလင်စီယာ၊ ဒီမာရီရာ၊ ဒီပေးနဲ့ ဆန်းချက်ဇ်တို့ပါ။ ရော်နယ်ဒိုဟာ မန်ယူမှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ပြီး ၂၀၀၃ကနေ ၂၀၀၉အထိ ခြောက်နှစ်ကစားခဲ့ရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၆၈ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့နောက်က နံပါတ် ၇ တွေကတော့ ငါးယောက်ပေါင်း ပရီးမီးယားလိဂ် ၁၃၉ပွဲမှာ ၁၄ဂိုးသာရထားပါတယ်။

Photo: Daily Mail

 

ရော်နယ်ဒိုအလွန် မန်ယူကျောနံပါတ် ၇ ကစားသမားငါးယောက်ရဲ့ဂိုးသွင်းနှုန်းတွေကတော့ မိုက်ကယ်အိုဝင် ၅ဂိုး (၃၃ပွဲ)၊ ဗလန်စီယာ ၁ဂိုး (၃၀ပွဲ)၊ ဒီမာရီရာ ၃ဂိုး (၂၇ပွဲ)၊ ဒီပေး ၂ဂိုး (၃၃ပွဲ)၊ ဆန်းချက်ဇ် ၃ဂိုး (၁၇ပွဲ) ဖြစ်ပါတယ်။ ဒီပေးနဲ့ဒီမာရီရာတို့ကတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ လိုင်ယွန်နဲ့ ပီအက်စ်ဂျီအသင်းတွေကို ပြောင်းသွားပြီးခြေစွမ်းပြန်ပြနေပေမယ့် နောက်ဆုံးကျောနံပါတ် ၇ ဆန်းချက်ဇ်ကတော့ မန်ယူမှာ ရုန်းကန်နေရဆဲပါ။ မန်ယူရဲ့နံပါတ်၇ ကျိန်စာဆိုးကို ဆန်းချက်ဇ်တစ်ယောက်ချေဖျက်နိုင်မလား ဒါမှမဟုတ် နောက်ထပ် နံပါတ်၇ ကိုဝတ်ပြီး အမွေဆိုးကိုဆက်ခံမယ့် ကစားသမားသစ်တစ်ယောက် ပေါ်ထွက်လာဦးမှာလားဆိုတာကတော့…….။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က