ဈေးကြီးတဲ့ အိတ်တစ်လုံးပါ။

ခေးလေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးတစ်ယောက် မွေးနေ့မတိုင်ခင် ချစ်ရသူတစ်ယောက်ရဲ့ Surprise လုပ်ခြင်းကို ခံလိုက်ရပါတယ်။



Photo : ယွန်းဝတီလွင်မိုး IG

 

ခေးလေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ခြင်းခံရတဲ့ ယွန်းဝတီလွင်မိုးတစ်ယောက် မွေးနေ့မတိုင်ခင် Surprise အလုပ်ခံလိုက်ရပါတယ်။ ယွန်းဝ တီလွင်မိုးရဲ့  မွေးနေ့က အောက်တိုဘာ(၂၁) ရက်နေ့ပါ။ ဒါပေမယ့် မွေးနေ့မရောက်ခင် အောက်တိုဘာ(၉) ရက်နေ့မှာ ချစ်ရသူ တစ်ဦးက ဈေးကြီးတဲ့ လက်ဆောင်တစ်ခုနဲ့ surprise လုပ်ခဲ့တာပါ။

ယွန်းဝတီလွင်မိုးကို အံ့သြအောင် surprise လုပ်ခဲ့သူက သူမရဲ့ မိခင်ဖြစ်သူပါ။ မိခင်ဖြစ်သူ ဒေါ်မေသူဟာ ယွန်းဝတီလွင်မိုးအတွက် LV အိတ်နဲ့ မွေးနေ့ Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

အဲ့ဒီအကြောင်းကိုလည်း ယွန်းဝတီလွင်မိုးဟာ သူမရဲ့ အင်စတာဂရမ်မှာ ယခုလို ရေးသားထားပါတယ်။

"early birthday surprise    thank you so much maymay, I LOVE YOU❤️   ( and no, it’s not my birthday today!! It’s on 21st oct)" ဆိုပြီး အောက်တိုဘာ(၉) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမပျော်နေတာကြည့်ပြီး အားလုံး က ပျော်နေကြပါတယ်။

ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာ သားလေး Liam နဲ့အတူ မြန်မာနိုင်ငံကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ သားလေး Liam ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က (၂) လပြည့်သွားခဲ့တာပါ။

Photo : ယွန်းဝတီလွင်မိုး IG

Liam လေးနဲ့အတူ မြန်မာနိုင်ငံကို ပြန်လာတဲ့ ယွန်းဝတီလွင်မိုး 

အခုနောက်ပိုင်းမှာ သားလေးနဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ ပရိသတ်တွေ တင်ပေးဖြစ်တာတွေ့ရပါတယ်။သားလေးဟာ လက်ရှိမှာ ကျန်းကျန်းမာမာရှိသလို အရမ်းကိုလည်း ထွားတယ်လို့ ယွန်းဝတီလွင်မိုးလေးက ပြောပြခဲ့ပါသေးတယ်။ သားလေးကို ယခုလက်ရှိမှာ Liam လို့ပေးထားပြီး မြန်မာနာမည်ပေးဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။

Liam လေးရဲ့ ထူးခြားလေးတစ်ခုက အရမ်းအေးတဲ့ကလေးထဲမှာ ပါတယ်တဲ့။ သူဗိုက်ဆာတဲ့အချိန်၊ ဒိုက်ဘာ ညစ်ပတ်နေတဲ့အချိန်တွေသာ အသံထွက်တတ်ပြီး ကျန်တဲ့အချိန်တွေမှာဆို ပျော်နေတတ်တဲ့ ကလေးလေးဖြစ်တယ်ဆိုပြီး စက်တင်ဘာ(၂) ရက်နေ့က ပရိသတ်တစ်ယောက် ချင်းဆီရဲ့ မွေးခွန်းလေးတွေကို ယွန်းဝတီလွင်မိုးက စိတ်ရှည်စွာ ဖြေဆိုပေးထားပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

 

ယွန်းဝတီ လွင်မိုးကတော့ မင်းသားကြီးလွင်မိုးနဲ့ ဒေါ်မေသူတို့ရဲ့  သမီးကြီးလေးဖြစ်သလို ဖခင်နဲ့ မိခင်တို့ရဲ့ ချောမောတဲ့ ရုပ်ရည်လေးကို အမွေဆက်ဆံထားသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ယွန်းဝတီလွင်မိုးဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က