စည်းကမ်းချက်တွေပြောပြလာပါတယ်။

စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပဖို့ ၄ ရက်သာလိုပါတော့တယ်။ ဒီဖျော်ဖြေပွဲမှာ ဖုန်းနဲ့ဖြစ်စေ၊ ကင်မရာနဲ့ဖြစ်စေ ပုံစံအမျိုးမျိုးနဲ့ ဗီဒီယို ရိုက်ကူးခွင့်မပြုဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ ပရိသတ်တွေအတွက် ဂရုတစိုက်အမှာစကားပါးထားပါသေးတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 

ပရိသတ်တွေရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်ဖို့ ၄ ရက်သာလိုတော့တာဖြစ်တဲ့အတွက် ဖျော်ဖြေပွဲရဲ့ စည်းကမ်းချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

'' #SAISAI SHOW ကို ပရိသတ် ၁၅၀၀ နဲ့သာ ကျင်းပရတာဖြစ်တဲ့အတွက်  တစ်နိုင်ငံလုံးက ပရိသတ်တွေအတွက် သေချာရိုက်ကူး ထုတ်လွှင့် ဖြန့်ချိပေးနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပွဲတက်ရောက်မယ့်ပရိသတ်များက ဖုန်းနဲ့ပဲဖြစ်ဖြစ် Camera နဲ့ပဲဖြစ်ဖြစ် video ရိုက်ကူးထားခြင်း မပြုလုပ် ဖို့ မေတ္တာရပ်ခံပါတယ် ကျနော်တို့ Professional Camera ဆရာတွေနဲ့ အကောင်းဆုံးရိုက်ပေးပါမယ်။ ကိုယ့်ဘေးက ခိုးရိုက်ရင်လည်း မရိုက်ဖို့ တားမြစ်ပေးပါ Quality မကောင်းတဲ့ Video ကြိုထွက်သွားရင် အခွေထုတ်ဖို့ အခက်အခဲရှိသွားပါတယ်'' လို့ ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 

စိုင်းစိုင်းရဲ့ ပရိသတ်တွေအနေနဲ့ လက်ဆောင်ပေးဖို့ကိုလည်း ပြင်ဆင်မလာပါနဲ့လို့ ဆက်လက်ပြောပြထားပါတယ်။ ဒါကလည်း ပွဲကြည့် ပရိသတ် အချင်းချင်းအနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်ပါ ဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက စိုင်းစိုင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပြောပြထားပါတယ်။

''သင့်ကြောင့် ကျန်တဲ့ပရိသတ်တွေ မကြည့်ရတော့မှာမျိုးကို ပရိသတ်အချင်းချင်းစာနာမှုနဲ့ အဆိုတော်ကို ကိုယ်ချင်းစာမှုနဲ့ ဆင်ခြင်ပေးပါ ခင်ဗျာ။ ပရိသတ်များက မနက် ၆ နာရီထပြီး ခက်ခက်ခဲခဲတန်းစီ လက်မှတ်ဝယ်ထားရတာပါ ပွဲကိုပဲ Enjoy လုပ်ပါခင်ဗျာ။ ဘာ လက်ဆောင်မှ ယူမလာပါနဲ့ ဖျော်ဖြေချိန်မှာ လက်ဆောင် လက်ခံဖို့ခက်ပါတယ် တခြားသူလည်းအနှောက်အယှက်ဖြစ်ပါတယ်။ အမှတ်တရ လက်ဆောင် ကျနော်တို့ပေးပါမယ်'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

ရှိုးပွဲလက်မှတ်တွေ ရောင်းအားကောင်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် 

စိုင်းစိုင်းဟာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို တက်ရောက်မယ့် စာနယ်ဇင်းမီဒီယာများကိုလည်း ဖျော်ဖြေချိန်မှာ ရိုက်ကူးရေးပြုလုပ်ခွင့်မပြု ဘူးလို့ဆိုပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ပရိသတ်တွေကိုလည်း ဂရုတစိုက်လာစေချင်တဲ့အကြောင်း ပြောပြထားပါသေးတယ်။ အချိန်ကိုတော့ အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခွဲ အတိမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

''တစ်လက်စတည်း စာနယ်ဇင်း မီဒီယာများလည်း ( 0n Line , YouTube အပါအဝင် ) ဒီပွဲက အခွေထုတ်မှာဖြစ်တာကြောင့် လာရောက် ရိုက်ကူးခွင့်မပြုနိုင်ကြောင်း ကြိုတင်တောင်းပန်ထားပါရစေခင်ဗျာ။ Sunday Night ဆိုတော့ မနက်ကျောင်းတွေ ရုံးတွေတက်ကြရဦးမယ် ကျနော် ပွဲကို ၇:၃၀ အတိ စချင်ပါတယ် နောက်မကျပါနဲ့နော်။ အကျႌပါးပါးဝတ်ပါ ရေဓာတ်ဖြည့်လာပါ အရင်ပွဲတွေလိုတော့ ပင်ပန်းမှာ မဟုတ်ပါဘူး ထိုင်ကြည့်ရမှာပါ ပူတော့ပူပါမယ်'' လို့ဆိုပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်ပေ့ချ်

 

စိုင်းစိုင်းဟာ လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ "ပြီးခဲ့သောဇာတ်လမ်းအကျဉ်း" ဆိုတဲ့ နာမည်နဲ့ ရှိုးပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီရှိုးပွဲကို ငယ်ငယ်က စိတ်ကူးအတိုင်း အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဓိရာမိုရ် တီးဝိုင်းနဲ့အတူ သီချင်းအားလုံးကို ဖျေ်ာဖြေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က