ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်လေးပါတဲ့။

အစ်ကိုဖြစ်သူ မိုက်တီးပေးတဲ့ လက်ဆောင်ကြောင့် လင်းဇာနည်ဇော်ကတော့ ရှေ့ဆက်လျှောက်ဖို့ အသင့် လို့ ဆိုပါတယ်။ မိုက်တီးဟာ သြဂုတ်လ ၁၆ ရက်နေ့က  WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

ဒါရိုက်တာ မိုက်တီးဟာ တာမွေတရားရုံးမှာ ၆ ကြိမ်မြောက်ရုံးချိန်းကို ရောက်လာချိန်မှာတော့ ညီမတွေအတွက် သူကိုယ်တိုင်လုပ်ထားတဲ့ ပိုက်ဆံအိတ်လေးတွေကို လက်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီလက်ဆောင်လေးအပေါ် ခံစားချက်ကိုလည်း လင်းဇာနည်ဇော်က အခုလို ပြောပြထားပါတယ်။

'' ဒီနေ့ ကိုမိုက် ယူလာတဲ့အိတ်လေး ညီမတွေကိုင်ဖို့ကိုယ်တိုင်လုပ်လာခဲ့တာတဲ့။ ကဲ ဆီတော့ဖြည့်ပေးလိုက်ပြီ။ ရှေ့ဆက်လျှောက် ဖို့ အသင့်'' ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အစ်ကို မိုက်တီး ပေးတဲ့ ပိုက်ဆံအိတ်ပုံလေးကိုလည်း အတူတွဲတင်ခဲ့ပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက် က ဒါရိုက်တာ မိုက်တီး ကို WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသိရပါတယ်။  မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီးကို တာမွေမြို့ မ ရဲစခန်းက မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

မိုက်တီးဟာ အောက်တိုဘာလ ၉ ရက်နေ့အထိကို တာမွေမြို့နယ်မှာရှိတဲ့ တာမွေတရားရုံးမှာပဲ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ မိုက်တီး နဲ့ အတူ မိသားစုတွေအတွက်ကိုလည်း အနုပညာ ညီအစ်ကိုမောင်နှမတွေက စိတ်မကောင်းဖြစ်လို့နေပါတယ်။ မိုက်တီးရိုက်ကူးပုံဖော်ထားတဲ့ ရိုက်စားရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်လျှက်ရှိတယ်လို့သိရပါတယ်။

Photo: လင်းဇာနည်ဇော်ဖေ့စ်ဘွတ်

 

ဒါရိုက်တာမိုက်တီးရဲ့ ညီမတွေဖြစ်တဲ့ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို ပြုစု စောင့်ရှောက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့ ညီအစ်မ နှစ်ဦးရဲ့ ရွှေတောင်ခေါက်ဆွဲ အလုပ်နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးတွေကိုလည်း ဦးဆောင်နေကြတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က