ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှ ဖြစ်ပေါ်နေတဲ့ အားကောင်းသော ဆိုက်ကလုံးမုန်တိုင်း “တစ်လီ”(TITLI)ဟာ ၂၄ နာရီအတွင်း အလွန်အားအောင်သော ဆိုက်ကလုံးမုန်တိုင်းအဖြစ်ရောက်ရှိသွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန အောက်တိုဘာ ၁၀ ရက်နေ့ နေလည် ၁ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

 

Photo- မိုးလေဝသနဲ့ ဇလဗေဒညွှန့်ကြားမှုဦးစီးဌာန

 

ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “တစ်လီ”(TITLI)ဟာ ပိုမိုအားကောင်းလာကာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ”(TITLI)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၀၀)ခန့်၊ ကလင်ဂါပတ္တနမ်မြို့ (Kalingapatinam) ၏ အရှေ့တောင်ဘက် မိုင်(၁၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

လတ်တလောမှာ နေ့လည် ၁၁ နာရီ ၃၀ အချိန် တိုင်းတာချက်တွေအရ မုန်တိုင်းငယ်ရဲ့ဗဟိုချက်လေဖိအား(၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၆၀)နှုန်း ဖြစ်ပါတယ်။ ဒါကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

မုန်တိုင်းကြောင့်လှိုင်း အမြင့်က  မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်(၉)ပေကနေ (၁၂)ပေအထိနဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ  (၆)ပေကနေ (၉)ပေခန့် ရှိနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

Share

Loading Next Article...
က္က