နည်းပြကောင်းဖြစ်လာနိုင်တယ်လို့ ချီးကျူးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ကရာဘောင်ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဒါဘီကောင်တီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ တပည့်ဟောင်းဖြစ်တဲ့ ဒါဘီကောင်တီနည်းပြ ဖရန့်လမ်းပတ်ကို နည်းပြကောင်းတစ်ဦးဖြစ်လာဖို့ အလားအလာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

manchester-united-v-derby-county-carabao-cup-third-round-5baaa062331b46e5ca000010.jpg

Photos: 90min

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဒါဘီကောင်တီအသင်းဟာ ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ 

မန်ချက်စတာယူနိုက်တက်နဲ့ ဒါဘီကောင်တီအသင်းတို့ဟာ ပွဲကစားချိန် မိနစ် ၉၀ အထိ ခြေစွမ်းပိုင်းကွာခြားချက်မရှိခဲ့ဘဲ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။

Photos: Metro

 

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟိုဟာ ဒါဘီကောင်တီအသင်းနည်းပြ ဖရန့်လမ်းပတ်နဲ့အတူ ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပြီး တပည့်ဟောင်းဖြစ်သူနဲ့ ပထမဆုံးအကြိမ် နည်းပြဘဝနဲ့ တွေ့ဆုံရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ Legends of Football Hall of Fame ထဲကို ထည့်သွင်းခံခဲ့ရတဲ့ ဖရန့်လမ်းပတ်ကို ဂုဏ်ပြုစကားပြောကြားရာမှာ ကရာဘောင်ပွဲစဉ်အပြီးတုန်းက ပြောခဲ့တဲ့စကားကို ရည်ညွှန်းပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"မင်းကို အိုးထရက်ဖို့ဒ်တုန်းက ပြောခဲ့တဲ့အတိုင်းပဲ အလားအလာအများကြီးရှိတဲ့ နည်းပြတစ်ယောက်သာလျှင် အသင်းတစ်သင်းကို ဒီလိုပုံစံမျိုး ကစားနိုင်ဖို့အတွက် စုစည်းနိုင်ပါတယ်"

"မင်း ငါ့ကို လုံးဝအနိုင်ယူနိုင်မယ်ဆိုတာ ကြိုသိခဲ့ပြီးသားပါ။ ပြီးတော့ တကယ်လည်း မင်းလုပ်နိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အပြီးမှာ တစ်ဖက် ၂ ဂိုးစီဖြစ်နေပေမယ့်လည်းပေါ့။ မင်းအတွက် ငါဘယ်လိုခံစားနေရမလဲဆိုတာ မင်းသိပါတယ်"

"လမ်းပတ်ဟာ အံ့အားသင့်ဖွယ်ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူပါ။ အခု အဲဒါက အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး နည်းပြဘဝကို စတင်နေပါပြီ"

"ကျွန်တော့်ရဲ့အကောင်းဆုံးကစားသမားတွေထဲမှာ လမ်းပတ်က တစ်ဦးအပါအဝင်ဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှ ဖုံးကွယ်ထားခဲ့တာမရှိပါဘူး။ သူက အကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ထက်တောင် ပိုပါသေးတယ်"

"မင်း လုပ်ခဲ့တာတွေအားလုံးအတွက် မင်း ဂုဏ်ယူသင့်ပါတယ်။ နည်းပြဘဝမှာ ပျော်ရွှင်ပါစေ။ ငါတို့တွေရဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ဆက်ထိန်းသိမ်းထားရအောင်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က