ပေါ့ဂ်ဘာက သူ့အမြင်ကို ပြောပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာက အသင်းကို ဦးဆောင်နိုင်ဖို့အတွက် အသင်းခေါင်းဆောင် လက်ပတ် ဝတ်ထားစရာ မလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့အတွက်လည်း ရည်ရွယ်မထားဘူးလို့ ပေါ့ဂ်ဘာက သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပေမယ့်လည်း နည်းပြမော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ပေါ့ဂ်ဘာဟာ အဆိုပါရာထူးကနေ ပြန်လည်ရုတ်သိမ်းခံခဲ့ရပါတယ်။ ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲတွေ ကစားပေးဖို့ ရောက်ရှိနေပြီးနောက် ပေါ့ဂ်ဘာက အထက်ပါအတိုင်း ပြောဆိုလိုက်တာပါ။

ပီအက်စ်ဂျီမှာ ကာဗာနီ အထီးကျန်ဆန်နေခဲ့ပြီလား 

 

"အသင်းဖော်တွေကို အားပေးတိုက်တွန်းဖို့အတွက် အသင်းခေါင်းဆောင်ဖြစ်စရာမလိုပါဘူး၊ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ဖို့လည်း ကျွန်တော် ကစားနေခဲ့တာ မဟုတ်ပါဘူး၊ ဒီအသင်းမှာ ကစားနေရတာကိုက ကျွန်တော့်အတွက် ကြီးကျယ်နေပါပြီ၊ ခေါင်းဆောင်တစ်ယောက်ဆိုတာ လက်ပတ်ပတ်ထားသူကိုပဲ ပြောတာမဟုတ်ပါဘူး"

"ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆို ကွင်းထဲမှာ ခင်ဗျာ အသင်းဖော်တွေကို ညွှန်ကြားနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ ခေါင်းဆောင်တစ်ယောက်က မလိုအပ်ပဲ ကစားမပြောပါဘူး၊ ဥပမာအနေနဲ့ဆိုရင် ပီယာလို လို ခေါင်းဆောင်မျိုးပါ၊ သူက အဝတ်လဲခန်းထဲမှာ မလိုအပ်ပဲ စကားမပြောဘူး၊ သူက ကွင်းထဲမှာ ခင်ဗျားကို ဘယ်လိုကစားရမလဲဆိုတဲ့ နည်းလမ်းကို ပြသပေးတယ်၊ သူက တကယ့်ခေါင်းဆောင်အစစ်ပါ" လို့ ပေါ့ဂ်ဘာက ပြောကြားသွားခဲ့ပါတယ်။

 

ပေါ့ဂ်ဘာဟာ နယူးကာဆယ်နဲ့ပွဲမှာလည်း အသင်းအရေးနိမ့်နေချိန်မှာ အသင်းရဲ့ နည်းဗျူဟာပိုင်းကို ပြောင်းလဲဖို့ နည်းပြမော်ရင်ဟိုကို အကြံဉာဏ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာက သူနဲ့ မာတစ်တို့ရဲ့ကြားမှာ ဖယ်လိုင်နီကို ထည့်သွင်းကစားဖို့ မော်ရင်ဟို အကြံဉာဏ်ပေးခဲ့ပြီး မော်ရင်ဟိုကလည်း ပေါ့ဂ်ဘာရဲ့ အကြံဉာဏ်ကို လက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မန်ယူက နယူးကာဆယ်ကို (၃)ဂိုး ပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။

 

ပေါ့ဂ်ဘာအနေနဲ့ ဒီလိုအဖြစ်အပျက်မျိုးကို ရည်ရွယ်သွားတာမျိုး ဖြစ်နိုင်သလို၊ ဒုတိယအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရတာကိုလည်း ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။ ဒါကိုတော့ ကာယကံရှင်က လွဲပြီး ဘယ်သူကမှ သိနိုင်မှာမဟုတ်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က