ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့။

ဝါဆိုမိုးဦးနဲ့ ဖြိုးလေး တို့ အနုပညာရှင် စုံတွဲကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ Relation က (၂)နှစ်နဲ့ (၁၀)လတောင် ပြည့်သွားပြီတဲ့။

 

အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင် အဆိုတော် ဝါဆိုမိုးဦးတို့ စုံတွဲလေးက ဒီနေ့(အောက်တိုဘာ၁၀ရက်)မှာ ချစ်သူသက်တမ်း (၂) နှစ်နဲ့(၁၀) လပြည့်ပြီလို့ ဆိုပါတယ်။ ဝါဆိုမိုးဦးဟာ သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးကိုလည်း မှတ်မှတ်ရရနဲ့ သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထား တာ တွေ့ရပါတယ်။

"10.10.2018 မှာ 2နှစ်10 လပြည့် Happy anniversary ပါ ကို Phyo Layy " ဆိုပြီး ဝါဆိုမိုးဦးက ရေးထားသလို ဝါဆိုမိုးဦးရဲ့ ပို့စ်အောက်မှာ လည်း ဖြိုးလေးက ယခုလို ရေးသားထားပါသေးတယ်။ "Happy Anni ပါ ငါ့သဲလေး" ဆိုပြီး အသည်းပုံ emoji လေးနဲ့ ပြောထားတာပါ။

 

နာမည်မှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးက အခုဆိုရင် တော်တော့်ကို ခိုင်မြဲနေပါပြီ။ ဝါဆိုမိုးဦးနဲ့ ဖြိုးလေး တို့ အနုပညာရှင် စုံတွဲကိုတော့ အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ ဒါပေမယ့် သူတို့ နှစ်ဦးကတော့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် စုံတွဲလေးဖြစ်ပါတယ်။ မကြာခဏ ရန်ဖြစ်နေရတဲ့ အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် ဝါဆိုမိုးဦးက ပြောပြခဲ့ပါတယ်။

'' ပရိသတ်တွေကတော့ ထင်ကြတယ်၊ ဝါဆိုတို့နှစ်ယောက် ပြဿနာအကြီးအကျယ်တွေ တက်ကြတယ်ပေါ့နော်။ အမှန်တော့ မဟုတ်ဘူး အစားအသောက်နဲ့ပဲ ပြဿနာတက်ကြတာ ကိုဖြိုးလေးက ဟိုဟာစားချင်ရင်၊ ဝါဆိုက ဒီဟာ စားချင်တယ်ပေါ့နော်။ နှစ်ယောက်က အတိုင် အဖောက်က မညီ၊ မသွားရတော့ ရန်ဖြစ်။ ဒီလောက်ပဲ'' လို့ သူမက အောက်တိုဘာ(၆) ရက်နေ့ပြုလုပ်ခဲ့တဲ့ Wacoal ပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

 

တစ်ယောက်နဲ့ တစ်ယောက် စားချင်တာ မစားရရင်လည်း စိတ်တို တက်ကြသေးတယ်လို့ ဝါဆိုမိုးဦးက ပြောပါတယ်။ ရန်ဖြစ်ကြတဲ့ အချိန်မှာ လည်း ဖြိုးလေးက အလျှော့ပေးတာ များတယ်လို့ ဆိုပါတယ်။

'' ဒါကလည်း ကိုယ့်ကုသိုလ်နဲ့ကိုယ်စားရတာလေ၊ နည်းနည်း အသက်ကြီးလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံက အဆီက ခဲတာ ပိုမြန်တယ်။ အဲ့ဒါ ငယ်တုန်းမို့လို့ စားရတာပေါ့နော်။ သူက အသက်ကြီးပြီ သူ့ဘာသာသူ လျှော့ပေါ့နော်။ ကိုယ်စားချင်တာ မစားရရင်လည်း စိတ်တိုကြတယ်။ သူက ယောကျ်ားလေးဆိုတော့လည်း နောက်ဆုံး အလျှော့ပေးလိုက်ရတာပါပဲ'' လို့ ဆိုပါတယ်။

 

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ် ပါတယ်။ အခုချိန်မှာ လည်း ပရိသတ်အားပေးမှု ရရှိနေတဲ့ သူမဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေတာသလို ညီမဖြစ်သူ သင်ဇာကိုလည်း အနုပညာအလုပ်လုပ်ဖို့ လက်တွဲခေါ်လျက်ရှိပါတယ်။သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမက "မိုက်လား ပြောကြည့်" စီးရီးခွေကို ထွက်ရှိထားသူ လည်း ဖြစ်ပါတယ်။

 

အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ သူမရဲ့ အချစ်ရေးကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုထဲက တစ်ခုပါ။ Snare အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဖြိုးလေးနဲ့မေတ္တာမျှနေတာဖြစ်ပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲ ကတော့ ပရိသတ်များရဲ့ အားပေးမှု ရရှိတဲ့ အတွဲလည်း ဖြစ်ပါတယ်။

အချစ်ရေးကလည်း အဆင်ပြေပျော်ရွှင်နေရတယ်တဲ့။သူတို့နှစ်ဦးဟာ ပရိသတ်တွေ အားပေးရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်သလို သူတို့စုံတွဲလေးကိုလည်း ပရိသတ်တွေက လိုက်ဖက်တယ်ဆိုပြီးတေ

Share

Loading Next Article...
က္က