ဒီဂီယာ၊ မာရှယ်၊ ဗလင်စီယာတို့ပါဝင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ထိပ်တန်းအဆင့်ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုရာသီကုန်မှာ အသင်းရဲ့အဓိကကစားသမားအများစုဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီဂီယာ၊ မာရှယ်၊ ဗလင်စီယာ စတဲ့အဓိကကစားသမားတွေဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးအိုးထရက်ဖိုု့ဒ်မှာ ဆက်ရှိနေဖို့ မရေရာမသေချာဖြစ်နေပြီဖြစ်ပါတယ်။

david-de-gea-manchester-united-19092018_1gdc07gs517sl17yhx2hywr8ri.jpg

Photos: Goal

ဒီဂီယာ၊ မာရှယ်၊ ဗလင်စီယာတို့ထဲက တစ်ဦးတစ်ယောက်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြမော်ရင်ဟို ခေါ်ယူခဲ့တဲ့ကစားသမားတွေမဟုတ်ပေမယ့် ဖိအားတွေခံစားနေရတဲ့ နည်းပြမော်ရင်ဟိုအနေနဲ့ ယင်းကစားသမားတွေကို လက်လွှတ်မှာတော့မဟုတ်ပါဘူး။

ဂျူဗင်တပ်ကို ပြန်သွားလို့မရတာ သေချာသွားပြီဖြစ်တဲ့ ပေါ့ဂ်ဘာ 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့မဟာတံတိုင်းကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဂိုးသမား ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီတွေတုန်း ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂီယာရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့ဂျ်မန်းဒက်စ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးနေပြီလို့ Sky Sport က ဖော်ပြထားပါတယ်။

Photos: Sky Sport

စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်အရ ၁ နှစ်သက်တမ်းတိုးခွင့် ပါရှိနေတာကြောင့် အလိုအလျောက် ၁ နှစ်သက်တမ်းတိုးခွင့်ရရှိမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဂီယာကို ဆက်လက်ထိန်းသိမ်းပြီး အသင်းအပေါ်မှာ ကျရောက်နေတဲ့ဖိအားတွေကို လျှော့ချသင့်ပါတယ်။

မာရှယ်ရဲ့အနာဂတ်ကတော့ ခုချိန်မှာတော့ ရှင်းလင်းသေချာမှုမရှိသလောက်ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက စာချုပ်သစ်အတွက် မာရှယ်နဲ့ ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်အထိ ဘာသဘောတူညီမှုမှ မရရှိသေးပါဘူး။ ဒါပေမယ့် မာရှယ်ကလည်း ဒီဂီယာလိုမျိုး နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ပါရှိတာကြောင့် နောက်ရာသီမှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

Photos: Sky Sport

ကျန်တဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင်ဗလင်စီယာကလည်း နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ရှိသေးပေမယ့် ဟာရဲရားကတော့ အသင်းဟောင်းဖြစ်တဲ့ အက်သလက်တစ်ဘီလ်ဘာအိုကို ပြန်သွားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မာတာကတော့ ယခုရာသီကုန်မှာ ထပ်မံသက်တမ်းတိုးထားတဲ့ ၁ နှစ်ကုန်ဆုံးတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းမှာတုန်းကလို နည်းပြမော်ရင်ဟိုက ထွက်ခွာခွင့်ပေးဖွယ်ရှိနေပါတယ်။ ယခုရာသီကုန်မှာ နောက်ထပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားတွေကတော့ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ လုခ်ရှော၊ အက်ရှ်လေယန်း၊ ဒါမီယန်၊ ပါရဲရားတို့ဖြစ်ပါတယ်။

Share

Loading Next Article...
က္က