ဒီနေ့မနက်မှာ ဖြစ်ခဲ့တာပါ။

မန္တလေး လေဆိပ်ကနေ လေယာဉ်စီးပြီး ရန်ကုန်ပြန်ကြတဲ့အချိန်မှ လေယာဉ်စက်ပျက်သွားလို့ မန္တလေးလေဆိပ်မှာ အရေးပေါ် ပြန်ဆင်းခဲ့ကြရတယ်တဲ့။

Photo : နိုင်းဝမ်း FB

 

အဆိုတော် နိုုင်းဝမ်းတစ်ယောက် အောက်တိုဘာ(၁၀) ရက်နေ့ မနက်ပိုင်းက  အသက်ဘေးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ မန္တလေး လေဆိပ်ကနေ လေယာဉ်စီးပြီး ရန်ကုန်ပြန်ကြတဲ့အချိန်မှ လေယာဉ်စက်ပျက်သွားလို့ မန္တလေးလေဆိပ်မှာ အရေးပေါ် ပြန်ဆင်းခဲ့ကြရတယ်တဲ့။ အဲ့လို ဖြစ်ခဲ့တဲ့ အချိန်က မနက်(၁၀)နာရီလောက်မှာဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာတွေ့ရပါတယ်။

"လေယာဉ်တက်ပြီးမိနစ်နှစ်ဆယ်လောက်အကြာမှာ မိုးတွေရွာနေတဲ့ကြားက ကောင်းကင်ပေါ်မှာလေယာဉ်စက်ပျက်သွားလို့ မန္တလေး လေဆိပ်ကို အရေးပေါ်ပြန်ဆင်းခဲ့ကြရတယ်။ ပြန်ဆင်းလာတာတောင် လေယာဉ်က လေဆိပ်အဆောက် အအုံနားရောက်တဲ့ အထိတောင် ဆက်မသွားနိုင်တော့ပဲ လေယာဉ်ပြေးလမ်းမကြီးပေါ်မှာတန်းလန်းကြီးရပ်သွားလို့ လေယာဉ်ကိုကားနဲ့လာဆွဲယူရတယ်"ဆိုပြီး သူက ပြောပြ ထားပါတယ်။

Photo : နိုင်းဝမ်း FB

 

လေယာဉ်ကွင်းထဲမှာ အရေးပေါ်ယာဉ်တွေ၊ မီးသတ်ကားတွေအပြည့်နဲ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်က သူ့ဘဝမှ မေ့လို့ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာပဲဖြစ်စြဖ် အသက်ဘေးမရောက်ခဲ့တာကိုပဲ ကံတရားကို ကျေးဇူးတင်မိတယ်ဆိုပြီး ပြောပြထားတာတွေ့ရပါတယ်။ ဒီမနက် ခရီးစဉ်မှ သူနဲ့ အတူ ယုန်လေး၊ နေဒွေး၊ မိုးယံဇွန်နဲ့ Wai လျှံတို့ပါ ပါခဲ့တယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

"ဘာဖြစ်ဖြစ် အသက်ဘေးမရောက်ခဲ့တာကိုပဲ ကံတရားကိုကျေးဇူးတင်နေမိ ။လောလောဆယ်တော့ နောက်လေယာဉ်တစ်စီးလာခေါ်ဖို့က အချိန်၃နာရီကြာအုံးမယ်ဆိုလို့ လေဆိပ်ထဲကအနှိပ်ခန်းထဲမှာ အိပ်ရင်း စောင့်ရင်း အချိန်ကုန်ရင်း အလုပ်တွေပျက်ကုန်ရင်း  တော်သေးတယ် ငါလိုသူတော်ကောင်းတစ်ယောက် လေယာဉ်ပေါ်ပါနေလို့သာပေါ့..မဟုတ်ရင် မင်းတို့Yone Lay, Nay Dway, Zay Khine Myint Swe, Wai Hlian Phyo အခုချိန်ဆို လေယာဉ်ပျက်ကျတဲ့ထဲပါသွားလို့ နာမည်ကြီးနေလောက်ပြီ" ဆိုပြီး စနောက်ထားပါသေးတယ်။

Photo : နိုင်းဝမ်း FB

ဝါတွင်းကာလအတွင်း ဝစီပိတ်ကျင့်ပြီး အဓိဋ္ဌာန်ဝင်နေတယ့် နိုင်းဝမ်း 

နိုင်းဝမ်းဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေသွားနေရပါတယ်။  နိုင်းဝမ်းဟာ အနုပညာအလုပ်တွေ အားတဲ့အချိန်မှာ ဘုရားတရားဘက်ကို အရမ်းလုပ်တဲ့ သူလည်းဖြစ်ပါတယ်။နိုင်းဝမ်းဟာ အရင်ကနဲ့ မတူပဲ အရမ်းကို ပြောင်းလဲလာတာ ပရိသတ်တွေပါ သတိ ထားမိလာကြပါတယ်။ ဝါတွင်းကာလမှာ ကုသိုလ်ယူဖြစ် သလို ၂၀၁၈ခုနှစ်၊ မေလ(၁၈) ရက်နေ့ကလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် ရဟန်းခံ ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီအချိန်တုန်း ကလည်း သာသနာ့ဘောင်ထဲမှာ အချိန်တော်တော်ကြာဝင်ရောက်ခဲ့တာပါ။

လူငယ်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူဖြစ်ပြီး သူ့ရဲ့ မျက်ကြည်လွှာနဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးကိုလည်း လှူဒါန်းထားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : နိုင်းဝမ်း FB

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က