စာချုပ်သစ်ဆွေးနွေးဖို့ အဆင်မပြေဖြစ်နေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီး နဲ့ စတာလင်တို့ရဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ပါက ရီးရဲလ်ဘက်က စတာလင်ကို ခေါ်ယူဖို့ ဇန်နဝါရီလထဲမှာ ကြိုးစားလာဖွယ်ရှိတယ်လို့လည်း 90 min က ဖော်ပြခဲ့ပါတယ်။ စတာလင် နဲ့ မန်စီးတီးတို့ဟာ စာချုပ်သက်တမ်း (၂)နှစ်နီးပါး ကျန်ရှိနေသေးပြီး သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။



Photo : 90 min

 

မန်စီးတီးက သူတို့ရဲ့ အဓိကကစားသမားကို အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ပြီး စာချုပ်သစ်အတွက် ကြိုးစားနေပေမယ့် စတာလင် ဘက်ကတော့ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ အသင့်မဖြစ်သေးတာဖြစ်ပါတယ်။ကလပ်အသင်းနဲ့ ကစားသမားကြားမှာ လစာငွေကိစ္စကို ညှိနှိုှု်းနေတာဖြစ်ပြီး စတာလင်က လက်ရှိရနေတဲ့ လစာထက် ပိုမိုများပြားတဲ့ ပမာဏကို အလိုရှိနေတာ ဖြစ်ပါတယ်။

ပေါင် (၈.၇)သန်း တန်ကြေးရှိခဲ့တဲ့ မာရှယ်ရဲ့ သွင်းဂိုး 

Bleacher Reports ရဲ့ သတင်းထောက်တစ်ဦးဖြစ်သူ Dean Jones ရဲ့ ရေးသားဖော်ပြမှုအရ စတာလင်ကို ခေါ်ယူဖို့ ရီးရဲလ်က အလွန်အမင်းစိတ်ဝင်စားနေပြီး လာမယ့်လတွေအတွင်းမှာ ကစားသမားကို ခေါ်ယူဖို့ စတင်လှုပ်ရှားသွားမယ်လို့ သိရပါတယ်။ ဇန်နဝါရီလအတွင်းမှာဆို စတာလင် နဲ့ မန်စီးတီးတို့ကြား စာချုပ်သက်တမ်းဟာ ၁၈ လသာ ကျန်တော့မှာဖြစ်ပြီး ကစားသမားရဲ့ တန်ဖိုးက ကျဆင်းလာမယ်လို့ ရီးရဲလ်က ယူဆနေပါတယ်။

Photo : 90 min

 

လက်ရှိမှာ မန်စီးတီးက ဒီဘရိုင်း၊ အဂူရိုတို့နဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီး ဖြစ်သလို နည်းပြ ဂွာဒီယိုလာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာကတေ့ာ သူ့ရဲ့ စိတ်ကြိုက်ကစားကို အသင်းမှာ ဆက်ရှိနေဖို့ အလိုရှိခဲ့ပြီး ESPN နဲ့တွေ့ဆုံခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ အခုလိုပြောကြားခဲ့ပါတယ်။

 

"သူနဲ့အတူ လက်တွဲရတာကို ဝမ်းသာမိပါတယ်၊ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်၊ ကျွန်တော်တို့အတွက် သူက အရေးပါတယ်လို့ သူသိလာအောင်လည်း ကြိုးစားနေပါတယ်၊ ကျွန်တော် ဒီကို စရောက်တဲ့နှစ်မှာပဲ သူ့ကို ကူညီမယ်လို့ ပြောဆိုခဲ့ပြီးသားပါ၊ လက်ရှိမှာ သူ့ရဲ့ အေးဂျင့်က သဘောတူညီမှု မရှိသေးလို့ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ၊ ဒါပေမယ့် သူ့ကို အသင်းက သဘောကျတယ်၊ ဆက်ရှိစေချင်တယ်ဆိုတာကို သူတို့နှစ်ဦးလုံး သိပါတယ်" လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

Photo : 90 min

 

စတာလင်ကတော့ မန်စီးတီးကို ၂၀၁၅ ခုနှစ်မှာ ပေါင်သန်း (၅၀)နဲ့ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၁၅၀)အထိ ကစားပေးထားပြီး (၄၈)ဂိုး သွင်းယူပေးထားပြီး (၅၁)ကြိမ်အထိ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က