Aroma ရဲ့ ၇ နှစ်ပြည့် Fashion Show ပွဲကြီးမှာ နာမည် ကျော်အနုပညာရှင်ပေါင်း (၂၀၀) ကျော်နဲ့ နောက်ဆုံးပေါ် ဝတ်စုံ ဒီဇိုင်းပေါင်း(၃၀၀)ကျော်တို့ကို တင်ဆက်ပြသသွားမယ်လို့ သိရပါတယ်။ ထူးခြားတဲ့ အစီအစဉ်တွေနဲ့ စိတ်ကျေနပ်မှုရစေမယ့် Discount တွေလည်း ပါဝင်တယ် လို့ ဆိုပါတယ်။
Aroma ရဲ့ ၇ နှစ်ပြည့် Fashion Show ပွဲကြီးကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဒီ ဖက်ရှင်ရှိုးမျာ နာမည် ကျော်အနုပညာရှင်ပေါင်း (၂၀၀) ကျော်နဲ့ နောက်ဆုံးပေါ် ဝတ်စုံ ဒီဇိုင်းပေါင်း(၃၀၀)ကျော်တို့ကို တင်ဆက်ပြသသွားမှာဖြစ်ပြီး ထူးခြားမှုတွေ ရှိမယ် လို့ Aroma ရဲ့ တာဝန် ရှိသူ ကိုအောင်မြတ်သူက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ဒီနှစ်ပွဲလေးမှာ ဆိုရင်လည်း ထူးထူးခြားခြားအနေနဲ့ Plus size လေးတွေကိုလည်း ပြိုင်ပွဲလေးတွေ ပြုလုပ်ပြီးတော့မှ သူတို့လေးတွေလည်း စင်ပေါ်မှာ ဘယ်လို လှလှပပရှိနေမလဲဆိုတာကို ပြသမှာဖြစ်ပါတယ်။ နောက်ပြီးတော့ LGBT တွေကိုလည်း သူများနဲ့မတူ အရမ်းကို လှပ အောင် ဝတ်ဆင်ပြသပြီးတော့ ဒီပွဲလေးမှာ ထပ်မံပြသသွားမှာဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။
ဒီဖက်ရှင်ရှိုးပွဲကြီးမှာရှိတဲ့ ပရိုမိုးရှင်းတွေကတော့ ၂၀၁၈ ခုနှစ်အတွက် Aroma ရဲ့ နောက်ကဆုံး ပရိုမိုးရှင်းတွေပါ လို့လည်း ကိုအောင်မြတ်သူ က ဆက်လက်ပြော ပြထားပါတယ်။ ဒီ ဖက်ရှင်ရှိုးကို တက်ရောက်လာတဲ့ အစောဆုံး စုံတွဲ ၅၀ ကို ၅သိန်းတန်Gift Voucher တွေ မေတ္တာ လက်ဆောင်ပေးသွား မယ် လို့ သိရပါတယ်။
'' ဒီ ပရိုမိုးရှင်းလေးကဆိုရင် ဒီနှစ်အတွက် Aroma ရဲ့ နောက်ဆုံး Promotion လေးဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီပွဲပြီးရင်တော့ ကျွန်တော်တို့လည်း ပရိုမိုးရှင်းမရှိတော့ပါဘူး။ ဒီပွဲမှာလည်း အရမ်းကို ရင်ခုန်ရမှာပါ Discount ဆိုရင်လည်း ၄၅ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ Discount တွေ ပေးသွားမှာပါ'' လို့ ဆိုပါတယ်။
ခမ်းနားမှုတွေနဲ့ကျင်းပခဲ့တဲ့ Aroma Fashion Show 2018
Aroma ရဲ့ (၇)နှစ်ပြည့် ဖက်ရှင်ရှိုးပွဲကြီးကို အောက်တိုဘာလ ၁၄ ရက်နေ့ တနင်္ဂနွေနေ့၊ Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ Promation အချိန်ကိုတော့ မနက် ၇ နာရီကနေ ည ၉ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး Fashion Show အချိန်ကိုတော့ ညနေ ၅ နာရီက နေ ည ၉ နာရီအထိ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။
Aroma ရဲ့ ၆ ကြိမ်မြောက် ဖက်ရှင်ရှိုးပွဲကြီးတုန်းကလည်း အနုပညာရှင်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီးတော့ ဝတ်စုံ ပေါင်း ၃၀၀ နဲ့ ၄၀၀ ကြား ပြသခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း ထူးခြားတဲ့ ဝတ်စုံဒီဇိုင်း ဖန်တီးမှုတွေနဲ့ အတူ ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တာကို တွေ့ရပါတယ်။ Gandamar Grand Ballroom မှာပဲ ကျင်းပပြုလုပ်ခဲ့တာပါ။