အပေါ်ယံစဉ်းစားကြည့်မယ်ဆိုရင် အိုးခွက်ပန်းကန်ဆေးတဲ့အလုပ်ဆိုတာ လူတိုင်းလုပ်တတ်ပြီး လွယ်ကူတဲ့အလုပ်တစ်ခု လိုပါပဲ။ ဒါပေမဲ့ အိုးခွက်ပန်းကန်တွေအများကြီးကိုအချိန်မကုန်ဘဲ လွယ်လွယ်ကူကူနဲ့သန့်ရှင်းစင်ကြယ်ပြီး တောက်ပြောင်သွားအောင် ဆေးကြောဖို့ဆိုရင်တော့ နည်းလမ်းလေးတွေသိထားဖို့လိုပါတယ်။
အဲဒီနည်းလမ်းလေးတွေကတော့ -
(၁) ရေနွေးနဲ့ဆေးပါ
ဆီတွေအများကြီးပေနေပြီး ဆေးကြောရခက်နေတဲ့ အိုးခွက်ပန်းကန်တွေကို လုံးဝသန့်ရှင်းစင်ကြယ်သွားအောင် ဆေးဖို့ဆိုရင် ရေအေးထက်၊ရေနွေးနဲ့ဆေးကြောတာကပိုပြီးလွယ်ကူသလို အချိန်ကုန်လည်းသက်သာတာကိုတွေ့ရမှာပါ။ ရေကိုကိုယ့်လက်ကခံနိုင်လောက်တဲ့အပူချိန်ရှိတဲ့ ရေနွေးမျိုးနဲ့ ဆေးကြောနိုင်ပါတယ်။
(၂) မဆေးခင်ဆပ်ပြာရေနဲ့စိမ်ထားပါ
စားသောက်ပြီးပြီးချင်း ပန်းကန်တွေကိုချက်ချင်းဆေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဗိုက်လေးနေတဲ့အချိန် ထမင်းလုံးလေးတော့ လူတိုင်းစီချင်ကြဦးမှာပါ။ အဲဒီလိုထမင်းလုံးစီဖို့ခဏနားနေတဲ့အချိန်အတွင်းမှာ ဆေးကြောရမယ့် ပန်းကန်တွေ၊အိုးတွေ၊ခွက်တွေကို ဒီအတိုင်းမထားဘဲ ဆပ်ပြာဆီအနည်းငယ်ရောထည့်ထားတဲ့ရေနဲ့စိမ်ထားမယ်ဆိုရင် ဆေးကြောတဲ့အခါအများကြီးလွယ်ကူသွားတာကိုတွေ့ရမှာပါ။
(၃) အစီအစဉ်တကျဆေးကြောပါ
ပန်းကန်၊အိုး၊ခွက်တွေကိုအစီအစဉ်မကျဘဲ အဆင်ပြေသလိုယူပြီးဆေးကြောတာထက်သူ့အမျိုးအစားအလိုက် အစီအစဉ်တကျဆေး ကြောမယ်ဆိုရင် ပိုပြီးမြန်မြန်ဆန်ဆန်ပြီးနိုင်သလို ပိုပြီးလည်းစင်ကြယ်မှာပါ။ ဥပမာ ခွက်တွေကိုအရင်ဆေး၊ အဲဒီနောက် ပန်းကန်ပြားအသေး၊အကြီး၊နောက်ဆုံးမှာ အိုးတွေကိုဆေးတာမျိုးပါ။
(၄) အရည်အသွေးမြင့် ပန်းကန်ဆေးဆပ်ပြာရည်သုံးပါ
အိုးခွက်ပန်းကန်တွေစင်ကြယ်အောင်ဆေးကြောဖို့ အရေးကြီးဆုံးကပန်းကန်ဆေးဆပ်ပြာရည် ဆိုတာတော့ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ပန်းကန်ဆေးဆပ်ပြာရည်ကောင်းကောင်းနဲ့ဆိုရင် သန့်ရှင်းစင်ကြယ်သွားအောင် လွယ်လွယ်ကူကူနဲ့ ဆေးကြောနိုင်မှာပါ။ ဒီအတွက်ထောက်ခံချက်ပေးချင်တာကတော့ အီလန်ပန်းကန်ဆေးဆပ်ပြာရည်ပါ။
အီလန်ပန်းကန်ဆေးဆပ်ပြာရည်တစ်စက်ကို ပန်းကန်တိုက်တဲ့ ရေမြှုပ်လေးထဲ ထည့်ပြီး တစ်ချက်တည်း ပွတ်တိုက်လိုက်ရုံနဲ့ တိုက်ချွတ်ဆေးကြောရခက်တဲ့ အညစ်အကြေးတွေ အကုန်ပြောင်စင်ပြီး သန့်ရှင်းတောက်ပြောင်သွားတာကိုတွေ့ရမှာပါ။
အရည်ပုံစံဖြစ်တာကြောင့် ရေမှာလွယ်လွယ်ပျော်ဝင်နိုင်ပြီးဘာအကြွင်းအကျန်မှ မကျန်ရှိစေဘဲ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းတောက်ပြောင်သွားစေမှာပဲဖြစ်ပါတယ်။
လက်အရေပြားကိုမထိခိုက်နိုင်တာကြောင့် အီလန်နဲ့ဆိုရင် လက်အိတ်မပါဘဲဆေးကြောရင်တောင် ပြဿနာမရှိတော့ပါဘူး။ လီမွန်ပါဝါအစွမ်းကြောင့် အနံ့အသက်ဆိုးတွေကိုပါဖယ်ရှားပေးနိုင်ပြီး သန့်ရှင်းစင်ကြယ်ရုံတင် မက အနံ့အသက်ဆိုးတွေကိုဖယ်ရှားပေးဦးမှာပါ။
ဒါကြောင့် အိုးခွက်ပန်းကန်တွေသန့်ရှင်းတောက်ပြောင်ပြီး အနံ့အသက်ဆိုးတွေကင်းဝေးဖို့ဆိုရင်တော့ " ဆီတွေလွယ်လွယ်ရှင်း အကြွင်းအကျန်ကင်းစေတဲ့ အီလန်ပန်းကန်ဆေးဆပ်ပြာရည်" ကိုသာသုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါတယ်။