ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသု တို့ရဲ့ မင်္ဂလာပွဲသတင်းကိုတော့ အခုလို ကြေညာလိုက်ပြီဖြစ်ပါတယ်။ သူတို့ နှစ်ဦး ဟာ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းက စေ့စပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းမှာ စေ့စပ်ပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ အနုပညာအလုပ်တွေများနေတာဖြစ်တဲ့အတွက် မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ်မှသာ ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ပိုင်ဖြိုးသုက မီဒီယာ တွေကို အခုလိုပြောပြခဲ့ပါတယ်။
'' ရှေ့နှစ်ထဲပေါ့နော်၊ ဒီနှစ်ထဲမဟုတ်သေးတာတော့ သေချာတယ်။ အမှန်အတိုင်းပြောရရင် နှစ်ယောက်စလုံး အရမ်းအလုပ်ရှုပ်နေကြတယ်။ အဓိက ကတော့ မီပေါ့နော်။ မီရုံမတင်ရသေးတဲ့ အခါကျတော့ မင်္ဂလာဆောင်ဘက်ကို မလှည့်နိုင်သေးဘူးဖြစ်နေတယ်'' လို့ ဆိုပါတယ်။
ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာတာဖြစ်ပါတယ်။ စေ့စပ်ပွဲ ကို ကြိုတင်လုပ်လိုက်ရတဲ့ ရည်ရွယ်ချက်က တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုကို တည်ဆောက်ကြတာဖြစ်တယ် လို့လည်း အောက် တိုဘာ လ ၁၂ ရက်နေ့က ''အပ်ဖျားတစ်ထောက်'' ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
'' သူ့ကို အပြည့်အဝယုံကြည်တယ်။ ဒါပေမယ့် ကံကို အပြည့်အဝမယုံကြည်ဘူး။ အဲ့ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုလေး အပြည့်အဝ တည်ဆောက်လိုက်တဲ့သဘောပေါ့နော်။ သု တို့ တွဲတာလည်း ကြာပြီ အခုဆို ၅ နှစ်ပြည့်တော့မှာပါ။ အနုပညာအလုပ်တွေလည်း စတွဲလုပ်နေပြီ။ ပရိသတ်အရှေ့မှာ အမြင်တင့်တယ်အောင် စေ့စပ်ထားလိုက်တဲ့ သဘောပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။
ပိုင်ဖြိုးသု ခွဲစိတ်ကုသမှု အောင်မြင်
အကယ်ဒမီပိုင်ဖြိုးသုရဲ့ ခင်ပွန်းလောင်းဖြစ်သူ ဒါရိုက်တာဏကြီးကလည်း မင်္ဂလာပွဲ သတင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပြထားပါသေးတယ်။ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်မှာ မင်္ဂလာပွဲ ကျင်းပဖို့လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
'' အမှန်အတိုင်းပြောရရင် မင်္ဂလာပွဲအတွက် ဘာမှ မပြင်ဆင်ရသေးဘူး။ ဒါပေမယ့် ဇန်နဝါရီမှာ ကျွန်တော်တို့ Anniversary ရှိတယ် အဲ့ဒီနေ့မှာ လုပ်ဖြစ်မှာပါ။ ၅ နှစ်ပြည့်ပေါ့ ကျွန်တော်တို့ နှစ်ယောက်စလုံးက ရိုးရိုးရှင်းရှင်းပဲ ကြိုက်တာဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းပဲ လုပ်ဖြစ်မှာပါ'' ဆို ပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့က မင်္ဂလာရုံရှင်ရုံ အသစ် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ အနုပညာပျိုးခင်ကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အခုဆိုရင် 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။