စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြသူအားလုံးကို တောင်းပန် စကားပြောခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ရိုက်ကူးရေးတွေ လုပ်ခွင့်မပေးတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြတဲ့ သူငယ်ချင်းတွေ၊ ပရိသတ်တွေကို တောင်းပန်စကားပြောခဲ့ပါတယ်။ ဖျော်ဖြေပွဲ လက်မှတ်တွေကလည်း အကုန်အတိအကျလုပ်ထားတာဖြစ်တဲ့အတွက် ကြိုတင်တောင်းပန်ရခြင်း ဖြစ်တယ်လို့လည်း အခုလိုပြောလာခဲ့ပါတယ်။
"တောင်းပန်ခြင်း" မိတ်ဆွေများခင်ဗျား။ ထိုင်ခုံလက်မှတ် က အမှန်တကယ်မရှိတော့တာပါ ။ ဒီနေရာကနေ အားလုံးကိုတောင်းပန်ပါတယ်။
ဒီပွဲလေးတစ်ပွဲနဲ့ စိတ်မဆိုးကြပါနဲ့ဦးခင်ဗျာ။ သူငယ်ချင်းများခင်ဗျား။ Friend Zone လက်မှတ်တွေက ထိုင်ခုံနဲ့မဟုတ်ပါဘူး။ သူငယ်ချင်း တွေထပ်လာလို့ရအောင် ရှေ့ဆုံးမှာစီစဉ်ထားတာပါ။ ပွဲနေ့ကျမှ အဆင်မပြေမှာစိုးလို့ ကြိုတောင်းပန်ထားတယ်နော်'' လို့ ဆိုပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
စိုင်းစိုင်းဟာ သူ့ရဲ့ '' ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း'' ဆိုတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခွေအနေနဲ့ ထွက်ရှိသွားမှာဖြစ်တာကြောင့် ရိုက်ကူးရေးတွေ ပြုလုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်း မီဒီယာတွေကို အောက်တိုဘာလ ၁၂ ရက်နေ့ ည ၈ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ တရားဝင်တောင်းပန်ခဲ့ပါတယ်။
''စာနယ်ဇင်းများဆရာများခင်ဗျား။ ကျွန်တော် ပွဲလုပ်ခဲ့သမျှအမြဲဖိတ်ကြားခဲ့ပါတယ် ဒီတစ်ပွဲမှာတော့ မြင်တဲ့အတိုင်း နေရာလုံးဝမရှိလို့ရယ်။
အခွေပြန်ထုတ်ဖို့သီးသန့်ရိုက်ကူးမှာကြောင့် မည်သည့် ကင်မရာမှ ယူခွင့်မပြုနိုင်တာရယ်ကို လေးစားစွာ အသိပေး တောင်းပန် အပ်ပါတယ် ခင်ဗျား'' လို့ ဆိုပါတယ်။
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စရောင်းတာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ကုန်သွားတယ်လို့ သိရပါတယ်။ Sai Sai Show အတွက် လက်မှတ် မမှီလိုက်တဲ့ ပရိသတ်တွေ အတွက်တော့ စိတ်မကောင်းစရာပါပဲ။
Show ပွဲအတွက် သေသေချာချာ ပြင်ဆင်နေတဲ့ စိုင်းစိုင်း
Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘွတ်
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် ပေ့ချ်ကနေရော၊ ဖေ့စ် ဘွတ် အကောင့်က နေပါ ကြေညာခဲ့တာဖြစ်ပါတယ်။