အခုလက်ရှိမှာ ဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်။

အိစိကွေးဟာ တုနှိုင်းမရတဲ့ မေတ္တာဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာ တစ်ခါမှမလုပ်ဖူးသေးတဲ့ ကာရိုက်တာအသစ်နဲ့ ပါဝင် သရုပ် ဆောင်နေ တယ်လို့ဆိုပါတယ်။ မကြာခင်က ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ သူ့ရဲ့ သီချင်းလေးအကြောင်းကိုလည်း ရင်ဖွင့်ပြော ပြလာပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

သရုပ်ဆောင်အိစိကွေးက အခုလက်ရှိမှာ '' တုနှိုင်းမရတဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဇာတ်ကားထဲက ကာရိုက်တာကလည်း သူ့အတွက် ပုံစံအသစ်တစ်ခု ဖြစ်တာကြောင့် ကြိုးကြိုးစားစားရိုက်ကူးသွားမယ်လို့ Duwun Media ကနေ ပြောပြခဲ့ ပါတယ်။

'' ဒီဇာတ်ကားထဲမှာ အိစိရဲ့ ကာရိုက်တာက မွေးစားသား၊ ခပ်ပေပေနေတတ်တယ်။ ကျွန်တော့်ရဲ့ မွေးစားအဖေ၊အမေတို့က နောက်ထပ် သား တစ်ယောက်ထပ်မွေးတယ်။ အဲ့ဒီအပေါ်မှာ မကျေမနပ်ဖြစ်ပြီးတော့ ကတောက်ကစဖြစ်တယ်ပေါ့။ အဲ့ဒီအချိန်မှာ အိမ်ပေါ်ကနေ နှင်ချခံရမယ်။ ဆင်းရဲသွားတယ်၊လိမ္မာသွားတယ်။ နောက်ထပ် ပြဿနာတွေအများကြီးလာဦးမှာပေါ့'' လို့ဆိုပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

ကာရိုက်တာ အသစ်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိတဲ့အကြောင်းကိုလည်း ပြောပြလာပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကားတွေလည်း ထွက် လာ ဖို့ရှိတာကြောင့် ပရိသတ်တွေ အားပေးစေလိုတဲ့အကြောင်းကို အောက်တိုဘာလ ၁ ရက်နေ့ မနက်က တုနှိုင်းမရတဲ့ မေတ္တာရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဘယ်လိုပဲ ဖြစ်ဖြစ် ကာရိုက်တာအသစ်ပေါ့။ တစ်ခါမှမလုပ်ဖူးတဲ့ ပုံစံအသစ်လုပ်ရမှာဆိုတော့ စိတ်လှုပ်ရှားပါတယ်။ ဒါပေမယ့် အကောင်းဆုံး တော့ ကြိုးစားမှာပါ။ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကလည်း အများကြီးပါပဲ၊ ထွက်မယ့်ရက်နဲ့ ရုံတင်မယ့် ရက်ကို စောင့် နေတာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

အသက်(၉၀)ကျော် အမေကြီးအတွက် ခွဲစိတ်ကုသဖို့ ဆေးဖိုးသွားလှူခဲ့တဲ့ အိစိကွေး 

အိစိကွေးဟာ သရုပ်ဆောင်အလုပ်တွေသာမက ဂီတအပိုင်းမှာလည်း ဝါသနာတစ်ခုအနေနဲ့ အောင်မြင်ဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါ တယ်။ အောက်တိုဘာလ ၁ ရက်နေ့က ထွက်ရှိခဲ့တဲ့ '' အလွမ်းရဲ့ အရသာ'' ဆိုတဲ့ သီချင်း MTV လေးကိုလည်း သူကိုယ်တိုင် ရေးပြီး သူ ကိုယ်တိုင် ဆိုထားတာလို့ သိရပါတယ်။

'' သီချင်းနာမည်ကတော့ အလွမ်းရဲ့ အရသာပါ။ ဒီသီချင်းက အိစိကိုယ်တိုင်ရေးထားတယ်။ အိစိကိုယ်တိုင်လည်း ဆိုထားတယ်။ အမြဲတမ်း အလိုလို ပရိသတ်နဲ့ အဆက်မပြတ်အောင်တော့ လုပ်နေရတာပဲလေ။ အိစိရဲ့ ဇာတ်ကားလေးတွေ မထွက်ခင်မှာ အိစိရဲ့ အနုပညာအလုပ် လေးတွေကို ပရိသတ်တွေဆီချပြခွင့်ရတယ်။ ပရိသတ်တွေနဲ့လည်း အဆက်မပြတ်သွားအောင် စဉ်းစားပြီးတော့ လုပ်ဖြစ်သွားတာပါ။

Photo: အိစိကွေးဖေ့စ်ဘွတ်

 

အိစိကွေးဟာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားတွေ အများကြီးရိုက်ကူးခဲ့ဖူးပါတယ်။ အဲ့ဒီနောက် ၁၀ ကျော်သက်အရွယ် ရောက်လာတဲ့ အချိန်မှာလည်း ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးထားတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က