ဘယ်လို ဇာတ်ကားကောင်းတစ်ကားဖြစ်လာမလဲ။

နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဆင်ဆာလည်းကျပြီဖြစ်လို့ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေး နေတယ်လို့ ယုန်လေးက ပြောပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။



Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးက ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ဆိုပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ အောင်လေး၊ ခင်ဝင့်ဝါ တို့နဲ့လည်း ဇာတ်ကားအတွက် ဆွေးနွေးတိုင်ပင်နေပြီဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

'' တစ်နေကုန် Run ဒီနေ့ဆင်ဆာ ရုံးသွား အခုရိုက်မယ့်ကားဆင်ဆာလည်းကျပြီ။ မောင်နှစ်မ တွေဆွေးနွေးတိုင်ပင်။ ဘယ်တော့မဆို ကျွန်တော့် အကျင့်သည် ပါဝင်မယ့်လူတွေ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အပေါ်ဘာလေးလုပ်ချင် သေးလဲ တိုင်ပင်ခွင့် တိုင်ပင်ချိန် တွေပေးပါတယ်။ အားလုံး Team Work ရှိမှ ကိုယ့်တာဝန်ကိုကျေမှ ဘယ်အလုပ်မဆိုပြီးပြည့်စုံတာပါ '' လို့ ဆိုပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangstar ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကို အခုလိုပြောပြလာပါတယ်။

'' အဲ့ဒါကြောင့် လည်း မိသားစုလိုဖြစ်ပြီးသား ညီအစ်ကို မောင်နှမများ ဖြစ်ပဲ အနုပညာအလုပ်တွေလုပ်ဖြစ်ပါတယ် ။အားလုံး အချိန်တော့ ပေး ရမှာပေါ့ ။ အချိန်ပေးချင်အောင် စိတ်ပါအောင် လည်းကျွန်တော့် ဘက်ကပြင်ဆင်မူရှိရတာပေါ့ ။အသစ်တွေ ထပ်လာမည် ။ အားလုံး Peace '' ဆိုပြီးတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဦးမန်းဝင်းအတွက် ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ J-me နဲ့ ယုန်လေး 

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးဟာ ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီးရိုက်ကူးနေတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေလည်းရှိပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာနဲ့ပတ် သက်တဲ့ အလုပ်တွေ အများကြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo: ယုန်လေးဖေ့စ်ဘွတ်

 

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က