၅၅ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားဖြစ်ပါတယ်။

၅၅ ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ သက်ကြီးဘိုးဘွားပေါင်း ၁၆၂ ဦးပါဝင်တယ်လို့ သိရပါ တယ်။ ဒီနှစ်မှာ တော့ ဘိုးဘွားတွေကို အရင်ကထက် ပိုပြီးတော့ လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။



 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ၅၅ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ က နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဘိုးဘွားတွေကို အရင်နှစ်တွေကထက် ပိုပြီး အများအပြား လှူဒါန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

'' ဒါက နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးကနေ ကျင်းပနေကြပွဲလေးဖြစ်ပါတယ်။ ဒီနှစ်ကတော့ ၅၅ ကြိမ်မြောက်ကျင်းပတာ ဖြစ်ပါတယ်။ ကန်တော့ခံ သက်ကြီးဘိုးဘွား ပေါင်း ၁၆၂ ဦးရှိပါတယ်။ လှူဒါန်းတဲ့ ပစ္စည်းတွေကတော့ အရမ်းကိုများတဲ့အတွက် အတိအကျ ပြောဖို့က မလွယ်ပါဘူး။ ဆေးဝါး၊ လူသုံးကုန်ပစ္စည်း အကုန်ပါတယ်။ ပြီးတော့ ငွေကြေးအားဖြင့်ကလည်း တစ်ဦးကို ၂ သိန်း ၆ သောင်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်'' လို့ သူကဆိုပါတယ်။

 

ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ အပူဇော်ခံအနုပညာရှင် သက်ကြီးဘိုးဘွားများကို ဆေးဝါး၊ အသုံးအဆောင်အပြင် တစ်ဦးလျှင် အလှူငွေကျပ် ၂ သိန်း ၅သောင်း ၅ ထောင်ကျပ် စီ လှူဒါန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို သက်ကြီးပူဇော်ပွဲကိုလည်း နောင်လာ နောင်သား အနုပညာရှင်တွေ လည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' ကျွန်တော်တို့ နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ရုပ်ရှင်လောကမှာလည်း နောက်ထပ်မျိုးဆက်သစ်တွေက ဒီလိုကောင်းမြတ်တဲ့ အစဉ်အလာကို ဆက်လက်ခံယူသွားမယ်လို့ ယုံကြည်ပါတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ သင်းလုံးကျွတ်ညီလာခံ ကျင်းပမယ် လို့ဆိုတဲ့ ဦးဇင်ဝိုင်း 

 

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို နှစ်စဉ် နှစ်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် အပူဇော်ခံ သက်ကြီးဘိုးဘွားတွေကိုလည်း အသက် ၇၀ ကျော်မှသာ ကန်တော့ခံရတာဖြစ်တဲ့အကြောင်း သိရပါတယ်။ ကျန်းမာရေး အခြေ အနေ ကြောင့် ကန်တော့ပွဲကို မတက်ရောက်နိုင်တဲ့ ဘိုးဘွားတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ လက်ရှိ ဥက္ကဌရာထူးကို ဆောင်ရွက်နေတာကတော့ သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းဖြစ်ပါတယ်။ သူ့ လက်ထပ်မှာလည်း ရုပ်ရှင်လောကသားတွေအတွက် ဆောင်ရွက်ပေးရမယ့် တာဝန်တွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဦးဇင် ဝိုင်းက အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေသူဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က