ကျရာနေရာလေးက အလုပ်လုပ်ချင်သေးတယ်တဲ့။

"ကျွန်တော်က လျှောက်ပြီး သွားနေတာဆိုတော့ သူတို့လည်း မရိုက် တော့ဘူး အောက်မေ့လို့ သူတို့ကလည်း မခေါ်ဘူး။ မခေါ်တော့ ကျွန်တော်လည်း မရိုက်ဖြစ်ဘူး။ မခေါ်တာရယ် ၊မရိုက်ဖြစ်ရယ် မရိုက်ဖြစ်တာ ရယ် မခေါ်တာရယ်နဲ့ လုံးလည်ချာ လည်လိုက်ပြီး အနုပညာနဲ့နည်းနည်း ဝေးလာတာပေ့ါ"



1.jpg 

ပရဟိတကိစ္စတွေနဲ့ အလုပ်တွေ  ရှုပ်နေပေမယ့်လည်း အနုပညာသမားတစ်ယောက်ဖြစ်တဲ့ ဝေဠုကျော်က ဇာတ်ကားတွေ ရိုက်ချင်သေး တယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို တစ်ကားနှစ်ကားလောက် ရိုက်ဖြစ်ပေမယ့်လည်းပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာကြောင့် သူ့ကို ဇာတ်ကားမရိုက်တော့ဘူးဆိုပြီး ထင်နေကြတာတွေလည်း ရှိတယ်လို့ ဝေဠုကျော်က ဆိုပါတယ်။

Photo : ဝေဠုကျော် FB

 

"ကျွန်တော် တစ်နှစ်ကို တစ်ကားနှစ်ကား ခေါ်တဲ့လူရှိရင် ရိုက်ပါတယ်။ ကျွန်တော်က လျှောက်ပြီး သွားနေတာဆိုတော့ သူတို့လည်း မရိုက် တော့ဘူး အောက်မေ့လို့ သူတို့ကလည်း မခေါ်ဘူး။ မခေါ်တော့ ကျွန်တော်လည်း မရိုက်ဖြစ်ဘူး။ မခေါ်တာရယ် ၊မရိုက်ဖြစ်ရယ် မရိုက်ဖြစ်တာ ရယ် မခေါ်တာရယ်နဲ့ လုံးလည်ချာလည်လိုက်ပြီး အနုပညာနဲ့နည်းနည်း ဝေးလာတာပေ့ါ။ အနုပညာသမားပဲ ရိုက်ချင်တာ ပေ့ါဗျာ ။ကျရာနေ ရာ လေးက အလုပ်လုပ်ချင်သေးတာပေ့ါ။ ကျွန်တော့်ကို ခေါ်ပါ ရိုက်ပါတယ်။ ဈေးလည်း မကြီးပါဘူး။ ဇာတ်ကြိုက်ရင်လည်း အလကားရိုက် ပေးပါတယ်" ဆိုပြီး အောက်တိုဘာ(၁၃) ရက်နေ့က နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ပြုလုပ်တဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဖြေဆိုပေးခဲ့ တာဖြစ်ပါတယ်။

Photo : ဝေဠုကျော် FB

 

ဝေဠုကျော် သရုပ်ဆောင် ထားပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုထက်ထိရှိနေတဲ့ "စီအိုင်တီဘကောင်း" ဇာတ်ကားလမ်းကိုလည်း ဆက်ရိုက်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ စီအိုင်တီဘကောင်း စီးရီးကို ရုပ်ရှင်နဲ့ အဆုံးဖြတ်ဖို့ စဉ်းစားထားတယ်လို့ ဝေဠုကျော်က ဆိုပါတယ်။

"စီအိုင်တီဘကောင်းကို ရုပ်ရှင်အနေနဲ့ လုပ်ဖို့ ရှိပါတယ်။ ဘကောင်းစီးရီးကို ရုပ်ရှင်နဲ့ အဆုံးသတ်ဖို့ စဉ်းစားနေတယ်။ ကျွန်တော်မအား သေးလို့ပါ။ " လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

မင်းသွေးပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြောပြလာတဲ့ ဝေဠုကျော် 

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က