မိသားစုနဲ့ တရားဝင် ကွာရှင်းခဲ့ပြီးပါပြီတဲ့။

ကျော်ဇင်ထွဋ်တစ်ယောက် သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး တရားဝင်ကွာရှင်းလိုက်ပြီလို့ သိရပါတယ်။ ဇနီးဟောင်းဘက်က တောင်းဆို တဲ့ အကြောင်းအရာကြောင့် ၁၀ နှစ်ကျော်ကြာအသုံးပြုခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလည်း ဖျက်လိုက်ရပြီလို့ ဆက် လက် ပြောပြလာပါတယ်။

Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင် ကျော်ဇင်ထွဋ်တစ်ယောက် မိသားစုနဲ့ ဝေးကွာခဲ့တဲ့ ၄ လကြာပြီးနောက်မှာတော့ တရားဝင်ကွာရှင်းလိုက်ပြီလို့ သိရပါတယ်။ သူ့အနေနဲ့ အရင်က မိသားစု ဓာတ်ပုံတွေကို ပရိသတ်ရှေ့ ပြန်ရောက်ခဲ့ပါက နောက်ထပ် တရားရင်ဆိုင်ရမယ် ဆိုပြီးတော့ ဇနီးဟောင်းဘက်က တောင်းဆိုထားတဲ့အပေါ် ဖြည့်ဆည်းပေးလိုက်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' မိသားစုက အခုဆို တရားဝင်ကွဲသွားပြီ။ ကွာရှင်းစာချုပ်မှာရေးထားတာကိုလည်း သေချာဖတ်ကြည့်လိုက်တော့ မိသားစုပုံကို ပြန်မပေါ်စေ ချင်တော့တဲ့သဘောမှာရှိတယ်။ အဲ့ဒီဥစ္စာ မပေါ်ဖို့အတွက် တောင်းဆိုထားတာလေးတွေလည်းရှိတော့ ကိုယ့်အနေနဲ့သူတို့ဖြစ်ချင်တဲ့အတိုင်းပဲ ဖြည့်ဆည်းပေးလိုက်တဲ့ သဘောပေါ့နော်''လို့ သူကဆိုပါတယ်။

Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်

 

မိသားစု ဓာတ်ပုံတွေ ပြန်ပေါ်ခွင့်မရှိတော့တာကြောင့် ၁၀ နှစ်ကျော်ကြာ အသုံးပြုခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဖျက်သိမ်းခဲ့ရပြီလို့ ကျော်ဇင် ထွဋ် က ပြောပါတယ်။ ဒီ့အတွက်ကြောင့်လည်း အရမ်းခံစားခဲ့ရတယ် ဆိုတာကို အောက်တိုဘာလ ၁၃ ရက်နေ့ က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

'' အိမ်ထောင်ကွဲတုန်းက ခံစားချက်လေးနဲ့ မျက်ရည်ကျမိတာက တစ်ကြောင်း၊ ဖေ့စ်ဘွတ်အကောင့်ကို ပိတ်ရတဲ့အချိန်မှာလည်း ကျွန်တော် မျက်ရည်ကျမိတယ်။ ပိတ်ဖို့သာ ကျွန်တော်လုပ်နေတာ စိတ်ထဲမှာ တော်တော်မကောင်းဘူး။ ဒါက ကိုယ်မွေးမြူထားတဲ့ မှတ်တမ်းစာအုပ်ကြီး တစ်အုပ်လိုဖြစ်နေတာပေါ့နော်။ မိသားစုပုံတွေ ပျောက်သွားတာ တစ်ကြောင်း၊ ကျွန်တော့် နေ့စဉ်ကြိုးစားမှုတွေ ပျောက်သွားတာ တစ်ကြောင်း အဲ့ဒါလေးတွေတော့ ကျွန်တော် ခံစားရပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်

ဇနီးနဲ့သမီးလေးတွေ ပြန်လာဖို့ ဘုရား၊တရား လုပ်နေတဲ့ ကျော်ဇင်ထွဋ် 

အခုချိန်မှာတော့ ကျော်ဇင်ထွဋ်ဟာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် ဖေ့စ်ဘွတ်အကောင့်အသစ်ကို အသုံးပြုနေပြီလို့ ဆိုပါတယ်။ မိသားစု ကိစ္စနဲ့ ပတ်သက်ပြီး သူခံစားနေရတဲ့အချိန်မှာ အားပေးစကားပြောလာခဲ့ကြတဲ့ ပရိသတ်တွေကို အပျော်လေးတွေဘဲ ပေးတော့မယ် လို့ သူကပြောပါတယ်။

'' အခုဆိုရင် ပရိသတ်ကို အပျော်လေးတွေပဲ ပေးဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစုထက် ပရိသတ်ကတောင် ကျွန်တော့်အပေါ် သစ္စာပိုရှိနေတယ်။ အပြင်မှာ မတွေ့ဖူးမမြင်ဖူးသေးတဲ့ ပရိသတ်တွေကတောင် အားပေးစကားလာပြောကြတာတို့ရှိကြတော့ အံ့သြမိတယ်။ တစ်အိမ်ထဲ အတူတူနေခဲ့ကြတဲ့ မေတ္တာတွေထက် ပရိသတ်ပေးတဲ့ မေတ္တာက ပိုကြီးမားနေတယ်'' လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်

 

ကျော်ဇင်ထွဋ် ကို တော့ လူကြမ်းတစ်ယောက်အနေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဇွန်လ ၁၃ ရက်နေ့က စပြီး အဆုံးရှုံးခံလိုက်ရတာ ဖြစ်ပါတယ်။ ကျော်ဇင်ထွဋ်ဟာ သူ့ရဲ့ သမီးတွေနဲ့ ပတ်သက်လို့လည်း အမြဲတမ်း ဂုဏ်ယူနေသူပါ။ ပညာရေးမှာ ထူးချွန်လှတဲ့ သမီးလေးတွေ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြလေ့ရှိပါတယ်။

 

Share

Loading Next Article...
က္က