အသင်းရဲ့အားထားရတဲ့ညာနောက်ခံကစားသမားဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းခေါင်းဆောင် ဗလင်စီယာကို စာချုပ်သစ် ထပ်မံမချုပ်ဆိုဘဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုတော့မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။



skysports-antonio-valencia_4441502.jpg 

ဗလင်စီယာနဲ့ မန်ယူအသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်အရ စာချုပ်သစ်အကြိုသဘောတူညီမှုရယူခွင့်ပါရှိပြီး မတ်လအစမှာ နောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုး၊ မတိုးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုအနေနဲ့ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗလင်စီယာကို သက်တမ်းတိုးမလား၊ မတိုးဘူးလားဆိုတာကို မတ်လ ၁ ရက်နေ့မှာ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

ဗလင်စီယာဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံတောင်ပံမှာ အခုအချိန်အထိ ကစားအားမကျဆင်းသေးဘဲ အကောင်းဆုံးခြေစွမ်းပြသနိုင်သေးတဲ့ကစားသမားဖြစ်ပါတယ်။ တကယ်လို့ မန်ယူအသင်းကသာ စာချုပ်သစ် ချုပ်ဆိုဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ဗလင်စီယာကို ကိုယ်အလေးချိန်အလွန်အမင်းတိုးလာတယ်လို့ စွပ်စွဲခဲ့ပြီး ၎င်းကို နည်းပြရာထူးကနေ ထုတ်ပယ်ပစ်ဖို့ ရေးသားထားတဲ့ အင်စတာဂရမ်က ပို့စ်ကို ဗလင်စီယာက မတော်တဆ Liked ပေးမိခဲ့ပြီးနောက် လူစာရင်းကနေ ချန်လှပ်ထားသူဖြစ်ပါတယ်။

ဗလင်စီယာဟာ ယင်းကဲ့သို့ ပြဿနာတွေရှိနေပေမယ့် အိုးထရက်ဖို့ဒ်မှာ နေထိုင်ရတာ ပျော်ရွှင်နေတယ်လို့ သိရပြီး အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင်လည်း ဗလင်စီယာကို ဂျာမနီကလပ်အသင်းတွေနဲ့ တူရကီကလပ်အသင်းတွေက ခေါ်ယူလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က