Honor smartphone brand ဟာမြန်မာနိုင်ငံကို ဇန်နဝါရီလ ၂၀၁၈ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး Honor 7A, Honor 7C, Honor 9 Lite, Honor 7S အစရှိတဲ့ စမတ်ဖုန်းတွေကို ပြည်တွင်းမှာလည်း မိတ်ဆက်ခဲ့ ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Honor ကအခုအချိန်မှာတော့ affordable ဖြစ်တဲ့ ဖုန်းတွေကိုဘဲ မိတ်ဆက်ရသေးတာပါ။ Honor brand ထဲကမှ Honor 10, Honor View 10, Honor Play အစရှိတဲ့ Specification အမြင့်စားတွေနဲ့ Flagship smartphone တွေက မြန်မာနိုင်ငံထဲကို ဝင်ရောက်လာခြင်းမရှိသေးပါဘူး။ ကဲအဲ့ဒီ Flagship တွေကမှ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့မယ် ဆိုရင် ဘယ်ဖုန်းလေးက သင့်အတွက် သင့်တော်မလဲဆိုတာလေး ကြည့်လိုက်ရအောင်။
ပထမဆုံးပြောပြပေးမယ့် ဖုန်းကတော့ Honor Play။
Honor Play ကတော့ Mobile gaming အတွက်အထူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ Tagline ကိုတောင်မှ Crazy fast, crazy smart လို့ပေးထားတဲ့ ဖုန်းပါ။ Kirin 970 AI Chipset ကို အသုံးပြုထားပြီးတော့ နောက်ဆုံးပေါ် GPU Turbo နည်းပညာကိုလည်း အသုံးပြုထားတာ ဖြစ်ပါတယ်။ GPU Turbo နည်းပညာဟာဆိုရင် Honor ရဲ့ မိခင် company ဖြစ်တဲ့ Huawei က develop လုပ်ထားတဲ့ နည်းပညာဖြစ်ပြီးတော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ၆၀% တိုးတက်စေပြီး စွမ်းအင်သုံးစွဲမှုကိုလည်း ၃၀% အထိလျော့ကျစေတယ်လို Official website မှာပြောထားပါတယ်။ 4D Gaming Experience ပါဝင်ပြီးတော့ Console မှာဆော့နေရသလိုမျိုး Vibration feedback တွေ ကိုယ့်ဘေးမှာ ဖြစ်နေသလိုမျိုး အသံတွေကို ထုတ်လုပ်ပေးမယ့် Surrounding sound effect ကိုပါပေးစွမ်းနိုင်တယ်လို ဆိုပါတယ်။ 6.3 inches screen နဲ့ 89% screen to body ratio ဆိုတော့ Mobile gamer တွေအတွက် အလွန်အဆင်ပြေစေမှာပါ။ 16MP+2MP Dual AI Camera ပါဝင်တဲ့အတွက် အမိုက်စား ဓာတ်ပုံတွေကို ရိုက်နိုင်မှာပါ။ Face Unlock နဲ့ Fingerprint sensor လည်းပါဝင်ပါတယ်။ Player Edition ဆိုပြီး အနောက်ဘက်မှာ Laser နဲ့ engraving လုပ်ထားတဲ့ Edition လည်းထွက်ထားပါသေးတယ်။
နောက်တစ်လုံးကတော့ Honor 10 ပါ။
Aurora glass design လို့အမည်ပေးထားတဲ့ အမိုက်စားရောင်ပြန်ကိုယ်ထည် 24MP+16MP AI Camera 5.84” Full view Display Honor SuperCharge နည်းပညာနဲ့ Ultrasonic Fingerprint တို့ပါဝင်တဲ့ အတွက်ပြောဖို့တောင် မလိုအောင် မိုက်တဲ့ ဖုန်းတစ်လုံးပါ။ မတူညီတဲ့ angle ကကြည့်ရင် မတူညီတဲ့ အရောင်ထွက်မှာဖြစ်တဲ့ Aurora Glass Design ကိုသုံးထားတဲ့အတွက် အခြားဖုန်းတွေနဲ့ မတူဘဲ ထင်းနေမှာပါ။ Honor ရဲ့ AI Camera ဟာဆိုရင် ပြင်ပမှာရှိတဲ့ အရာဝတ္ထုတွေကို သိရှိနိုင်စွမ်းရှိတဲ့အတွက် Professional ဓာတ်ပုံနည်းပါအရည်အသွေးကို ရရှိစေမှာပါ။ ထူးခြားတာက Honor ရဲ့ Ultrasonic Fingerprint sensor က လက်စိုစွတ်နေတဲ့အချိန်မှာတောင် ဖုန်းကို Unlock လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ Battery ကတော့ 3,400mAh ပါဝင်ပြီး ၂၅ မိနစ်အတွင်းမှာ ၅၀% အထိ လျှင်မြန်စွာအားသွင်းနိုင်တဲ့ Honor Supercharge စနစ်ပါဝင်ပါတယ်။
Honor View 10 ကတော့ Honor smartphone တွေထဲကမှ Best Smarphone of CES2018 ဆု ၉ ဆုကိုလက်ခံရရှိထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
Kirin 970 AI Processor 6GB RAM 128 ROM 20MP+16MP Dual-lens Camera 13MP Front Camera တို့ပါဝင်ပြီးတော့ AI နည်းပညာကို အသုံးပြုထားတဲ့အတွက် Honor View 10 က သင်ရဲ့ အသုံးပြုပုံကို အခြေခံပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကို အလိုက်ထိုက်ပြောင်းလဲပေးမှာ ဖြစ်ပြီး လပေါင်းများစွာ အသုံးပြုရင်တောင် နှေးသွားခြင်းမရှိဘူးလို ဆိုပါတယ်။ အထဲမှာပါဝင်တဲ့ Game Suite Feature ကလည်း ချောမွေ့မြန်ဆန်တဲ့ Gaming အတွေ့အကြုံကို ပေးမှာဖြစ်ပါတယ်။ Mobile Gamer တွေအတွက်လည်း အဆင်ပြေစေတဲ့ Feature တွေလည်းပါဝင်ပါတယ်။
နောက်ဆုံးဖုန်းလေးကတော့ မကြာသေးခင်ကမှ ကြေညာထားတဲ့ Honor 8X ဘဲဖြစ်ပါတယ်။ 6.5-inch Borderless full view display၊ Kirin 710 Powerful chipset၊ 3750mAh long-lasting battery နဲ့ GPU Turbo နည်းပညာတို့ပါဝင်ပါတယ်။ Camera ပိုင်းမှာဆိုရင်လည်း 20MP AI dual-camera ပါဝင်ပြီးတော့ Honor 10 လိုဘဲ ပြင်ပမှာရှိတဲ့ အရာဝတ္ထုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ Finger Print sensor အပြင် Face Unlock ပါ ပါဝင်ပြီးတော့ GPU Turbo ကလည်း Game ကစားရာမှာ Frame rate တွေကို တည်ငြိမ်စေပြီးတော့ စွမ်းအင်သုံးစွဲမှုကိုလည်း လျော့ကျစေတဲ့ အတွက် Gamer တွေအတွက်လည်း စိတ်ကြိုက်ဖြစ်စေမယ် ဖုန်းဆို မမှားပါဘူး။
ကဲ အခုပြောပြသွားတဲ့ Honor ရဲ့ Flagship ဖုန်းတွေထဲကမှ မြန်မာနိုင်ငံကိုတင်သွင်းခဲ့မယ်ဆို သင်ဘယ်ဖုန်းကိုဝယ်ဖြစ်မလဲ?