ဖန်တီးနိုင်စွမ်းရှိတဲ့အနုပညာရှင်တွေ အတွက် လေ့ကျင့်ရေးကွင်းတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေလိုအပ်နေပါတယ်။

လူငယ်အားကစားသမားတွေနဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့အနုပညာရှင်တွေ အတွက် လေ့ကျင့်ရေးကွင်းတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဝါသနာရှင်လူငယ်အချို့ က ပြောဆိုလိုက်ပါတယ်။


 

အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ နယ်ပယ်အသီးသီးက ဝါသနာရှင်လူငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ Still/Life ဇာတ်လမ်းတိုစီးရီး မိတ်ဆက်တဲ့ပွဲကို ပါဝင်တဲ့လူငယ်အချို့ က ပြောဆိုလိုက်တာပါ။

“ ညီမတို့လို့ အားကစားသမားတွေအတွက်ဆိုရင် နေရာသတ်သတ်မှတ်မှတ်တစ်ခုလိုအပ်မယ်။ နောက်တစ်ခုကကျတော့ အင်အားတစ်ခုဖြစ်စေမယ့် ရံပုံငွေတွေ လိုအပ်မယ်။ ရန်ကုန်ထက်စာရင် ပစ္စည်းမရှိဘဲနဲ့ Body Building လုပ်နေတဲ့သူတွေအတွက် လိုအပ်နေတယ်” လို့ အမျိုးသမီး ကာယဗလမယ် တစ်ဦးဖြစ်သူ Bora က ပြောပါတယ်။

 

Multiverse Advertisting နဲ့ Moonji Production တို့ကနေပြီး လူငယ်ဝါသနာရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲအချို့ကို ဇာတ်လမ်းတိုစီးရီး ရိုက်ကူးခဲ့ပြီး အကူအညီအထောက်အပံ့တွေရဖို့ ရည်ရွယ်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ Multiverse Advertisting ရဲ့ ဒါရိုက်တာ Thomas Hayward ကပြောပါတယ်။

“လူငယ်တွေ သူတို့ရဲ့ ဝါသနာတွေကိုအကောင်အထည်ဖော်ဖို့အတွက် လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုလိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။အရင်ဆုံး Multiverse Foundation အနေနဲ့ လူငယ်တွေအတွက် ရံပုံငွေအရင်ရအောင်လုပ်မယ်။ အခု ဒီ Flim ထဲမှာပါဝင်တဲ့အဖွဲ့တွေကို ထောက်ပံ့ပေးမယ်။ဒါပေမယ့် ရေရှည်မှာလည်း တခြား ဝါသနာရှင်လူငယ်တွေကို ထောက်ပံ့ပေးဖို့အစီအစဉ်ရှိတယ်” လို့ ဒါရိုက်တာ Thomas Hayward ကပြောပါတယ်။

ဒီဇာတ်လမ်းတိုစီးရီးမှာ လူငယ် အကပညာရှင်တွေ၊ဘောလုံး၊လက်ဝှေ့၊ ခြင်းလုံးခေတ်ကစားသမားတွေ၊ စကိတ်ဘုတ်စီးလူငယ်တွေ၊ကာယဗလပညာရှင်တွေရဲ့ ရင်ဆိုင်ရတဲ့ အခြေအနေတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က