Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က ပြိုင်ပွဲပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေသာမက ပရဟိတအလုပ် တွေ တော်တော်များများ လုပ်ကိုင်လာတာတွေ့ရပါတယ်။
Photo : we love phyo myat aung GP
Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်က ပြိုင်ပွဲပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေသာမက ပရဟိတအလုပ် တွေ တော်တော်များများ လုပ်ကိုင်လာတာတွေ့ရပါတယ်။ အောက်တိုဘာ(၁၆) ရက်နေ့က ကိုးနဝင်းဘုရား တစ်ဆူကို ကိုယ်တိုင် ကိုယ်ကျ ထီးတင်ခဲ့ပါတယ်။ ဖြိုးမြတ်အောင်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုကြည့်ပြီး ပရိသတ်တွေက ကျေနပ်ပီတိတွေ ဖြစ်နေကြသလို သာဓုခေါ်ဆိုနေကြပါတယ်။
Photo : we love phyo myat aung GP
ဖြိုးမြတ်အောင်က ပြိုင်ပွဲကရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည်ဖော်ပေးမယ်လို့ ပြောခဲ့သူ ပါ။
"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လော လော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင် ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညက ပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Photo : we love phyo myat aung GP
အခုတော့ သူ့ရဲ့ ကတိအတိုင်း ဘုရားထီးတင်တာတင်မက ကျောင်းဆောက်ခြင်းများ၊ တံတားပြင်ခြင်းများကိုလည်း ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။ သူကိုယ်တိုင် မတည်ငွေ တည်ထောင်ပြီး အလှူလုပ်ဖို့အတွက် အလှူရှင်တွေကို ဖိတ် ခေါ်လျက်ရှိပါတယ်။
ပြီးခဲ့သော ရက်ပိုင်းလောက်ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တောင်ညိုလေး တောရကျောင်းကို သွားရာလမ်းရှိ တံတားပြိုကျ ပျက်စီးနေတာကြောင့် ပြန်လည်ပြုပြင်ဖို့ အတွက် စီစဉ်နေတာ တွေ့ရပါတယ်။
Photo : we love phyo myat aung GP
ကုသိုလ်တစ်ခုမှာ အတူပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ ဖြိုးမြတ်အောင်
အဆိုပါ တံတားကို ပြင်ဆင်ဖို့အတွက် သိန်း(၁၀၀)လောက် ကုန်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့ဆီမှာ အလှူငွေ သိန်း(၄၀) မတည်ထားတာရှိနေတာကြောင့် လိုအပ်တဲ့ သိန်း(၆၀)လိုအပ်နေသေးတယ်လို့သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကိုေ ပြာထားတာတွေ့ရပါတယ်။
ဖြိုးမြတ်အောင်ဟာ လက်ရှိမှာ အလှူအတန်းတွေ ပြုလုပ်နေသလို ဖျော်ဖြေပွဲတွေ တော်တော်များများမှာလည်း ပါဝင်ဖျော်ဖြေ လျက် ရှိပါတယ်။ သူ့ရဲ့ သီချင်းအခွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေသလို ကြော်ငြာရိုက်ကူးမှုတွေ တော်တော်များများ ပြုလုပ်နေရတာ ကိုလည်းတွေ့ရပါတယ်။
Photo : Khine thin kyi
သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်း ကြောင်း မှာ အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။
Share