ပျော်စရာကောင်းတဲ့ သူတို့ နှစ်ယောက်အကြောင်းကိုပြောလာပါတယ်။

အိမ့်ချစ်ကတော့ အဝင်းနဲ့ အတူတူ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိခဲ့တဲ့ အကြောင်းတွေကို ပြောပြလာပါတယ်။ အဲ့ဒီနောက် မောင် လေး မဟုတ်ပဲ ကိုကြီးလို့ ခေါ်လိုက်မိတဲ့ အဝင်းရဲ့ အကြောင်းတွေကိုလည်း ဆက်လက်ပြောပြလာပါတယ်။



Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

 

အဆိုတော် အိမ့်ချစ်က မြန်မာလူမျိုး ဂျပန်အဆိုတော်လေး မိုရီဆာကီဝင်းရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ အဝင်းကို ချစ်တဲ့ စိတ်နဲ့ Win's Show Time မှာ ပါဝင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ့်ချစ်ကိုယ်တိုင်ကလည်း မိုရီဆာကီဝင်းရဲ့ ပရိသတ်ဖြစ်တယ် ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဗမာစကားကို ဒီလောက်ပြောတတ်တာ အရမ်းဝမ်းသာတယ်။ ပြီးတော့ Win's Show Time ဆိုတဲ့ Program လေးကို သူ့ကို ချစ်လို့ကို လာ ရိုက် ပေးတာ။ ပြီးတော့ သူ့ရဲ့ ပရိသတ် သူ့ကို စစမြင်ချင်းတုန်းကတော့ အဲ့ဒီလောက်မသိဘူး။ သူ့ရဲ့ အင်တာဗျုးလေးတွေကို ကြည့်ပြီးတော့မှ သူ့ရဲ့ စိတ်ထားလေးကို  မှန်းမိတယ်။ တကယ်ကို ချစ်စရာကောင်းတဲ့သူလို့ သိရတယ်။ အဲ့ဒီလို Arist မျိုးက ရှားတဲ့အတွက်  သူ့ကို ချစ်တယ်။ သူ့ရဲ့ ပရိသတ်လည်း ဖြစ်နေတဲ့အခါကျတော့ သူ့ရဲ့ အစီအစဉ်လေးမှာ သွားရိုက်ဖြစ်တာ'' လို့ သူကပြောပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

 

အဝင်းနဲ့ အိမ့်ချစ်တို့ရဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ စိတ်ကူးလေးတွေကြောင့်လည်း တစ်ယောက်နဲ့  တစ်ယောက် ရင်းနှီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။ Win's Show Time အစီအစဉ်ရိုက်ကူးနေချိန်မှာပဲ တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်းတွေလို ဖြစ်ခဲ့တယ်ဆိုတာကို အောက်တိုဘာလ ၁၆ ရက်နေ့က Gatsby ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

'' ကိုယ်ကလည်း ငပေါဆိုတော့ သူနဲ့ ကိုယ်နဲ့ အရမ်းခင်သွားတယ်။ တကယ်ကို သူငယ်ချင်းတွေလို ဖြစ်ပြီးတော့ သူကလည်း ကိုယ့်ကိုလည်ပင်း တွေဖက်ပြီးတော့ စကားတွေပြော၊ ပခုံးတွေ ဖက်ပြီးတော့ စကားတွေပြော၊ တစ်ယောက်နဲ့တစ်ယောက် လည်ပင်းတွေ ညှစ်ကြ  အချိန်တို အတွင်း မှာ အရမ်းခင်သွားတယ်။ အရမ်းလည်း ချစ်စရာကောင်းပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

 

အိမ့်ချစ်က အဝင်းကို အသက် ၂၈ နှစ်အရွယ်မှန်း မသိပဲ စစတွေ့ချင်းမှာ မောင်လေးလို့ ခေါ်ခဲ့မိတယ်လို့ ဆိုပါတယ်။ အရွယ်နဲ့ မလိုက်အောင် အရမ်းနုလွန်းတဲ့ အဝင်းရဲ့ အကြောင်းတွေကိုလည်း အိမ့်ချစ်က ပြောပြခဲ့ပါတယ်။ ပြီးတော့ ဦးလေးလို့ မခေါ်ပါဘူးလို့လည်း သူကဆိုပါတယ်။

'' သူက ၂၈၊ အိမ့်ချစ်က ၂၇  တစ်နှစ်ကွာတယ်။ သူ့ကိုလည်း အိမ့်ချစ်က ၂၃၊ ၂၄ နှစ်လောက်ပဲ ထင်ထားတာ သူ့ရဲ့ မျက်နှာလေးကလည်း အရမ်းနုတော့လေ လုံးဝ မထင်ထားဘူး။ သူ့ကိုလည်း စိတ်ထဲမှာ ကိုယ့်မောင်လေးအရွယ်လောက်ပဲ ထင်ပြီး မောင်လေး မောင်လေးလို့ ခေါ်တာ။ ၂၈ နဲ့ ဒီမျက်နှာလေး ဖြစ်နေတဲ့အခါကျတော့ အရမ်းအံ့သြသွားတယ်။ အဲ့ဒါနဲ့ အိမ့်ချစ်က နောက်ပြီးတော့ ကိုကြီးလို့ ခေါ်လိုက်တာ ဦးလေးလို့ မခေါ်ပါဘူး''လို့ ဆိုပါတယ်။

မွေးနေ့မှာ Birthday Concert လုပ်ဖို့ စီစဉ်နေတဲ့ အိမ့်ချစ် 

Photo: အိမ့်ချစ်ဖေ့စ်ဘွတ်

 

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က