ဖြူဖြူကျော်သိန်းက ငယ်ငယ်ကတည်းက အရမ်းCrush ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်အကြောင်းကို ရင်ဖွင့်ပြောပြလာ ပါ တယ်။ အဲ့ဒီနောက် သူ့ရဲ့ အချစ်ရေးအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
နိုင်ငံကျော် အဆိုတော် ဖြူဖြူကျော်သိန်းက သူငယ်ငယ်လေးကတည်းက Crush ခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်တစ်ယောက် ရှိတယ်လို့ ဆိုပါတယ်။ သူကတော့ John Bonjovi ဖြစ်ပါတယ်။ john bonjovi ကို အရွယ်ရောက်လာရင် ယူမယ်ဆိုတဲ့ အထိတောင် စိတ်ကူးခဲ့ဖူးတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ငယ်ငယ်တုန်းက Crush ခဲ့တဲ့ ဆယ်လီရှိတာပေ့ါ john bonjovi လေ သူ့ကို အရမ်း Crush ခဲ့တာ။ ငါကြီးလာရင် သူ့ကို ယူမယ်ပေါ့။ အဲ့ဒီလို စဉ်းစားဖူးတာ ဒါပေမယ့် ကြီးလာတော့ သူက အဘိုးကြီးဖြစ်သွားတယ်။ ကိုယ်က မလိုချင်တော့ဘူး။ အဲ့လိုပဲပေါ့ နှလုံးသားဆိုတာ အချိန်နဲ့ အမျှ ပြောင်းလဲနေတယ်'' လို့ သူကဆိုပါတယ်။
Photo: Phyu Phyu Kyaw Thein Fb
ဖြူဖြူကျော်သိန်းက မကြာခင်က crush နေရတဲ့ ဆယ်လီတစ်ယောက်ရှိတဲ့အကြောင်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီ ဆယ်လီကို မcrush တော့ပဲနဲ့ နောက်ထပ် Crush ရမယ့်သူကို ထပ်ရှာနေတယ်လို့ အောက်တိုဘာလ ၁၆ ရက်နေ့က Gatsby ပွဲအခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။
'' ဟိုတလောက ရှိတယ်။ အခု ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ ဒါပေမယ့် ရှိပါတယ် Disney Girl ထဲက မင်းသားလေးကို သဘောကျ တယ်။ ဒါပေမယ့် သူက နည်းနည်းနွှဲနေတော့ ကိုယ်က ကောင်းကင်မေမေ ဖြစ်သွားတယ်။ Crush မိတာက ဟိုတစ်လောက အခု ရှာနေတာ ဘယ်သူ့ကို Crush ရင်ကောင်းမလဲလို့ ''လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Jon Bonjovi Page
ကွန်ဒိုတိုက်ခန်းလေးနဲ့ နေသူပါလို့ပြောလာတဲ့ ဖြူဖြူကျော်သိန်း
လက်ရှိမှာတော့ ဖြူဖြူကျော်သိန်းရဲ့ အချစ်ရေးက တည်ငြိမ်နေတာကို တွေ့ရပါတယ်။ သူ့ကို ချစ်စကား ကြိုက်စကားပြောမယ့် သူလည်း မရှိသေးသလို ပြောတိုင်းလည်း မယုံဘူးလို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။
'' ကိုယ့်ကိုချည်းပဲ အားလုံးက Crush နေတယ် ထင်တာတော့။ အဲ့လိုတော့ ပြောကြတာပဲလေ။ အဲ့လိုတွေ ယုံလို့ရှိရင် ဒုက္ခတွေရောက်ရချည်ရဲ့ ဟုတ်တယ်ဟုတ်။ ပြောတိုင်းသာ ယုံရဆို မိန်းကလေးတွေ ဒုက္ခရောက်ရချည်ရဲ့ သူတို့ ပြောတိုင်း ယုံစရာလား။ Propose လုပ်ဖို့ကျတော့လည်း အားအားရှိ ဒီလို ဝုန်းတတ်တဲ့ အမေအကြောင့် ဘယ်သူကပြောရဲမှာလဲ''လို့ ဆိုပါတယ်။
Photo: Phyu Phyu Kyaw Thein Fb
တလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်ထွက်ရှိတော့မယ့် Strom Album ကိုလည်း စောင့်မျှော်နေတဲ့ ပရိသတ်တွေ အများကြီးပါ။