မွေးနေ့ဆုတောင်းက ကြွေလောက်တယ်နော်။

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ အချစ်ရေကိုယ်က နတ်မိမယ်လေးတစ်ပါးကို ချစ်မိတဲ့ သာမန်လူတစ်ယောက်ပါ။ ကိုယ်တို့ပထမဆုံး တွေ့ခဲ့ တဲ့အချိန်ကို မှတ်မိသေးတယ်"



44334770_1771850469591275_4208430009997590528_n.jpg

Photo : ဇဏ်ခီ FB

 

ဒီနေ့ (အောက်တိုဘာ၁၈ရက်)က ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးပါ။ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးကို ဇဏ်ခီ သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်ကနေ မွေးနေ့ဆုတောင်း တောင်းပေးထားတာတွေရပါတယ်။

Photo : ဇဏ်ခီ FB

 

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ အချစ်ရေကိုယ်က နတ်မိမယ်လေးတစ်ပါးကို ချစ်မိတဲ့ သာမန်လူတစ်ယောက်ပါ။ ကိုယ်တို့ပထမဆုံး တွေ့ခဲ့ တဲ့အချိန်ကို မှတ်မိသေးတယ်။ကိုယ်က ဖက်ရှင်အမြင်လုံးဝမရှိ၊ ဘဏ်အကောင့်ထဲမှာလည်း ဗလာနတ္ထိဖြစ်နေတဲ့ သူတစ် ယောက်။ မင်း ကိုယ့်ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတာ အခုထိ မသိသေးဘူး။မြားနတ်မောင်ရဲ့ မြားက ပစ်မှတ်မှားသွားတာ ဖြစ်မယ်။ ကိုယ်က ကံအကောင်းဆုံးယောက်ျားပါပဲ။မင်းကို ကိုယ်ချစ်တယ် ဘေဘီ...အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်ဆုံးသူဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်။" ဆိုပြီး အောက်တိုဘာ (၁၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဇဏ်ခီ FB

 

ချစ်ဇနီးရဲ့ မွေးနေ့အတွက်ကိုလည်း  အောက်တိုဘာ(၁၈) ရက်နေ့ မနက်(၁၂) နာရီကျော်လောက်က မွေးနေ့ Surprise လေး ပြုလုပ် ပေးခဲ့ပါသေးတယ်။ မွေးနေ့ရှင်ရဲ့ သူငယ်ချင်းတွေက မွေးနေ့ကိတ်ပေါ်မှာ Ryan Gosling ပုံနဲ့ မွေးနေ့ Surprise လုပ်ခဲ့တာ ကြောင့် ဇဏ်ခီတစ်ယောက် မနာလို ဖြစ်ခဲ့ရပါသေးတယ်။

အိမ်ထောင်သက်တမ်း (၁၂)နှစ်ကျော်လာပြီဖြစ်တဲ့ ခီစုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ကြတဲ့ အခေါ်အဝေါ် လေး ကလည်း ပရိသတ်တွေကို တော်တော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇဏ်ခီက ခရစ္စတီးနားခီကို ချစ်စနိုးနဲ့ ဘယ်လိုခေါ်လဲဆိုတာ ယခုလို ပြောပြထားပါတယ်။

Photo : ဇဏ်ခီ FB

သရုပ်ဆောင် ဝါသနာရှင်တွေအတွက် အကြံပြုစကားပြောလာတဲ့ ဇဏ်ခီ 

"အများသိထားတာကတော့ ချစ်လေးပေ့ါ။ ကျွန်တော်တို့ စကြိုက်တုန်းကတော့ သူ့ကို ပိစိလို့ ခေါ်တယ်။အသေးလေးလို့လည်း ခေါ်တယ်။ အားလုံးက သေးသေးမွှားမွှားနဲ့ ဆိုင်တာလေးတွေပဲ။ ဟန်နီတို့ ဒါလင်တို့တော့ မရှိပါဘူး။နောက်(၁၀)နှစ်လောက်ကြာရင်တော့ တစ်မျိုး ပြောင်း ရင်ပြောင်းသွားနိုင်တယ်။ မိန်းမလို့ ခေါ်ရင်ခေါ်မှာပေါ့ ပြောလို့တော့မရဘူး" ဆိုပြီး ပရိသတ်တွေရဲ့ရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ဇဏ်ခီ FB

 

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး လည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ် တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ ခေါ်သံ ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး ကလည်း အောင်မြင်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က