Xiaomi ကတော့ 8K video တွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ့်ဖုန်း အရင်ဆုံး မိတ်ဆက်နိုင်ဖို့ရှိပါတယ်။
XDA-Developers ကနေ ရထားတဲ့ အချက်အလက်တွေအရ Xiaomi ရဲ့ ဖုန်းသစ်ဟာ 8K ဗွီဒီယိုတွေ 30fps နှုန်းနဲ့support ပေးလာမယ်လို့ဆိုပါတယ်။ MIUI 11 beta ဗားရှင်းသစ် update ထွက်လာပြီးနောက် MIUI Camera app ထဲက Apk မှာ Xiaomi ဟာ 7680 x 4320 resolution ဗွီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ပြထားပါတယ်။
Photo: GSMArena
Xiaomi ကနေ နောက်ဆုံးထွက်ထားတဲ့ အမြင့်ဆုံး ဖုန်းကို ပြောပါဆိုရင် ကိုယ်ထည်တစ်ခုလုံးနီးပါး display ဖြစ်နေတဲ့ Mi Mix Alpha ပါ။ ဒီဖုန်းမှာတောင် Samsung ရဲ့ 108MP Bright HMX sensor နဲ့လာပြီး 6K video တွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်တာ ဖြစ်လို့Xiaomi ရဲ့ နောက်အသစ် ထွက်လာမယ့် ဖုန်းမှာ 8K ဗွီဒီယိုပါမယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းနေပါတယ်။
လက်ရှိမှာ 8K video တွေကို 30fps နှုန်းနဲ့ရိုက်လို့ရအောင် support ပေးထားတာ Samsung Exynos 9820 နဲ့9825 processor တွေပဲ ရှိသေးတာပါ။ တစ်ခုရှိတာက Galaxy S10 နဲ့Note 10 series တွေမှာ 8K video recording အတွက် support ပေးနိုင်မယ့် ကင်မရာ sensor မပါရှိပါဘူး။
Photo: NewsBeezer
8K ဗွီဒီယို ရိုက်ကူးနိုင်တဲ့ ဖုန်းအနေနဲ့Nubia Red Magic 3 ၊ Asus ZenFone 6 နဲ့ROG Phone 2 တို့ပဲ ရှိှပြီး ဖမ်းယူနိုင်တဲ့ နှုန်းက 15fps နှုန်းကနေ အများဆုံး 24fps နှုန်းပဲ ရှိထားတာပါ။ Xiaomi ရဲ့ 8K ရုပ်သံကို 30fps နှုန်းနဲ့ရိုက်နိုင်မယ့် ဖုန်းဟာ Qualcomm ရဲ့ အသစ်ထွက်လာမယ့် flagship SoC ထွက်မှ မိတ်ဆက်နိုင်ဖို့ရှိပါတယ်။