၂၀၂၃ ဒုတိယသုံးလပတ်ထဲ ဈေးကွက်မှာ ဖြန့်ချိသွားမှာပါ

Lenovo ရဲ့ ကလေးသုံးတက်ဘလက်အမျိုးအစားထဲက ဈေးနှုန်းသင့်တင့်တဲ့ Tab M9 သစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။

Lenovo Tab M9 ဟာ ၉ လက်မအရွယ်အစားရှိတဲ့ LCD Screen နဲ့ လာပြီး 1340 x 800p ရုပ်ထွက် ပါရှိပါတယ်။ တောက်ပမှုနှုန်း 400nits နဲ့ လာပြီး NTSC Color Space ရဲ့ ၆၀% ကို လွှမ်းခြုံနိုင်မယ်လို့ ဆိုပါတယ်။ CES2023 ပွဲမှာ ကြေညာသွားမယ့် မော်ဒယ်ဖြစ်ပြီး ဈေးကွက်ထဲကိုတော့ ဧပြီ-ဇူလိုင် ဒုတိယသုံးလပတ်မှ ဝင်ရောက်လာမယ့် ထုတ်ကုန်လည်း ဖြစ်ပါတယ်။




Photo: GSMArena

ရှေ့ဘက်မှာ Video Chatting နဲ့ Face Unlock လုပ်ဖို့အတွက် 2MP Selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ လက်ဗွေဖတ်စနစ်တော့ ဒီတက်ဘလက်မှာ ပါဝင်ခြင်း မရှိပါဘူး။ Lenovo Tab M9 ဟာ Netflix က HD Content ဗွီဒီယိုတွေ ကြည့်နိုင်အောင် ထောက်ခံချက်ပေးထားပြီး ၁၃ နာရီဆက်တိုက် ရုပ်ရှင်ကြည့်နိုင်မယ်လို့ ကတိပြုထားတဲ့ 5100mAh ဘက်ထရီလည်း သုံးထားပါတယ်။

ရုပ်သံကြည့်ရှုခံစားမှုအတွက် Dolby Atmos စနစ်နဲ့ လာတဲ့ Dual Speakers တွေက အားဖြည့်ပေးထားပါတယ်။ နားကြပ်တပ်ပြီး သီချင်းနားထောင် ၊ ဇာတ်ကားကြည့်ချင်သူတွေအတွက်လည်း 3.5mm Headphone Jack ထည့်ပေးထားပါတယ်။ Helio G80 Chipset ၊ Mali-G52 MC2 GPU တို့လည်း ပါလို့ ပေါ့ပေါ့ပါးပါး ဂိမ်းတွေကို ကစားနိုင်ဦးမှာပါ။

Memory အတွဲအစပ်အနေနဲ့ Base Model အတွက် RAM 3GB/32GB Storage ရှိသလို 4/64GB နဲ့ 4/128GB ဆိုပြီးလည်း ဗားရှင်းတွေ ထွက်ထားပါတယ်။ တက်ဘလက်ထဲမှာ ဗွီဒီယိုနဲ့ တခြားဖိုင်တွေ များများစားစား ထည့်ထားချင်သူတွေအတွက် 2TB Storage အထိ အပိုထည့်သိမ်းနိင်မယ့် MicroSD Card Slot တစ်ခုလည်း ပါရှိပါတယ်။ Base Model မှာ WiFi 5(ac) နဲ့ Bluetooth 5.1 ပါရှိသလို 4G ဗားရှင်းမော်ဒယ်လည်း ထွက်ရှိဦးမယ်လို့ ဆိုပါတယ်။ 

USB-C Port ဟာ 2.0 Charging Speed ပဲ ပါရှိပြီး အားသွင်း Bundled Charger ကလည်း 10W ဖြစ်လို့ အားဝင်တော့ နှေးပါလိမ့်မယ်။ Lenovo Tab M9 ကို Android 12 စနစ်နဲ့ စတင်ဖြန့်ချိမှာ ဖြစ်ပြီး ဒေါ်လာ ၁၄၀ (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က