OPPO ရဲ့ စံချိန်တင် အားသွင်းနည်းပညာသစ် မိတ်ဆက်လိုက်တာပါ

ဖုန်းအားသွင်းမှု နည်းပညာပိုင်းမှာ OPPO ဟာ အကြမ်းစားကြီးတွေ ထုတ်ဖော်ပြသလာပြီ ဖြစ်ပါတယ်။ 

OPPO ဖုန်းကုမ္ပဏီကနေ အသစ် ထုတ်လုပ်ထားတဲ့ 240W Charger နည်းပညာဟာ စမတ်ဖုန်းအားသွင်းမှုနည်းပညာပိုင်းအတွက် အလှည့်အပြောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီနည်းပညာဟာ 4500mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၉ မိနစ်နဲ့ အား ၁၀၀% အပြည့်ဝင်အောင် သွင်းနိုင်မယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ 






MWC 2022 မှာ မိတ်ဆက်ပြသသွားတဲ့ 240W SuperVooc ဖုန်းအားသွင်းနည်းပညာဟာ အား ၅၀% ဝင်ဖို့ ၃ မိနစ်ခွဲပဲ အချိန်ယူတာ ဖြစ်ပြီး အရင် OPPO ရဲ့ 150W SuperVOOC Flash Charge နည်းပညာကတော့ 4500mAh ဘက်ထရီတစ်လုံးကို ၅ မိနစ်နဲ့ အား ၅၀% ဝင်အောင် စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ နမူနာအဖြစ် သရုပ်ပြအားသွင်းသွားရာမှာ USB Type - C ပေါ်က 24V/1-A သုံးပြီး charge pumps သုံးခုနဲ့ အားသွင်းသွားတာပါ။ 

ဒီလောက် မြန်ဆန်တဲ့ အားသွင်းနည်းပညာကြောင့် ဖုန်းထိခိုက်မှု မရှိအောင် ဘေးကင်းရေးအတွက် အပူချိန်တိုင်း Sensor ၁၃ ခု တပ်ဆင်ထားတယ်လို့လည်း OPPO က ဆိုပါတယ်။ ဒါ့အပြင် ဘက်ထရီဘေးကင်းမှု ရှိမရှိ စောင့်ကြည့်ဖို့လည်း Customized Battery Management Chip သစ်တစ်ခု နဲ့ Smart Battery Health Algorithm တို့လည်း ထည့်ထားတယ်လို့ ပြောပါတယ်။ 



"Battery Health Engine (BHE) ကြောင့် ဖုန်းအားသွင်းမှုအကြိမ်ရေ Charge Cycle ၁၆၀၀ အထိ ရောက်ပြီးမှ မူလဘက်ထရီစွမ်းရည်ကနေ ၈၀% ဖြစ်သွားမှာပါ။ ဒါက ပုံမှန်ဈေးကွက်ထဲက ဘက်ထရီသက်တမ်းစံချိန်စံညွှန်းတွေထက် နှစ်ဆ ပိုထိရောက်မှုရှိတဲ့ နည်းပညာပါ။ (ဈေးကွက်ဝင်ဖုန်းတွေဟာ Charge Cycle ၈၀၀ ပြည့်တဲ့နောက် ဘက်ထရီစွမ်းရည် ၈၀% ကို ရောက်သွားတာ ဖြစ်ပါတယ်_) " လို့ OPPO က ထုတ်ပြန်ပါတယ်။ 

ဘက်ထရီ Cycle ၁၆၀၀ ရောက်ဖို့ နေ့တိုင်း ဖုန်းအားသွင်းရင်တောင် ၄ နှစ်လောက် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ စမတ်ဖုန်း ဘက်ထရီအားသွင်းနည်းပညာပိုင်းမှာ OPPO ရဲ့ ခေတ်ရှေ့ပြေးနည်းပညာတွေဟာ စံချိန်တစ်ခုအဖြစ် ကျန်ရှိနေတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က