သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

စနေနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ဂါရတ်ဘေးလ်ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀က ပြီးဆုံးသွားခဲ့ပြါပြီ။ ဘေးလ်က အသင်းအတွက် ကစားခွင့်မရခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက်ဆွတ်ခူးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဆုဖလားအများဆုံးရကစားသမားစာရင်းမှာတော့ ထိပ်ဆုံးနေရာနားကနေ ပါဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဘာနေဗျူးမှာ ၉ နှစ်ကြာ ကစားခဲ့ပြီးနောက် အခုဆိုရင် ဘေးလ်က Free Agent ဖြစ်သွားခဲ့ပါပြီ။ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ စိတ်ကြိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးပေးခ​ျေစရာမလိုဘဲ ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ ဝေးလ်ကြယ်ပွင့်ကတော့ သူ့အနာဂတ်အတွက် မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး ယူကရိန်းနဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ paly-off အတွက်ပဲ အာရုံစိုက်နေပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ တပတ်လုပ်ခ ပေါင်သုံးသိန်းအထိ ရရှိနေရာကနေ ၂၀၁၆ ကနေ ၂၀၂၂ အထိကို စာချုပ်သစ်ချုပ်ဆိုမှုကို နောက်ဆုံးပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ၂၀၁၆ ကနေ စာချုပ်နောက်ဆုံးနှစ်အထိကို ပေါင် ၄၈ သန်းအထိ ဘေးလ်က တိုးမြှင့်ရရှိခဲ့မှာပါ။ စာချုပ်သစ်အချက်အလက်တွေအရ ၆ နှစ်အတွင်းမှာပဲ အခွန်ဆောင်အပြီး သူက လစာနဲ့ အပိုဆုကြေးအဖြစ် ပေါင်သန်း ၁၅၀ အထိ ရရှိခဲ့ပါတယ်။ 

ဒါကြောင့် ရီးရဲလ်ကစားသမားဘ၀ ၉ နှစ်တာအတွင်းမှာ သူက စုစုပေါင်း ပေါင်သန်း ၂၀၀ အထိ ရရှိခဲ့ပြီး အဆိုပါငွေပမာဏဟာ လစာနဲ့ ဆုကြေးငွေတွေသက်သက်သာဖြစ်ပါတယ်။ အခြားသော စပွန်ဆာစာချုပ်၊ ပုံရိပ်အသုံးပြုခတွေမပါဝင်သေးဘူးလို့သိရပါတယ်။ Adidas နဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုမှုကနေ ပေါင်သန်း ၂၀အထိ သူ ရခဲ့တယ်လို့ သိရပြီး EA Sports နဲ့ BT Sport တို့ဆီကလည်း ရရှိခဲ့ပါသေးတယ်။ 


Marca ရဲ့ ဖော်ပြချက်အရ ဘေးလ်ဟာ ၂၀၂၂ ခုနှစ်အထိကို အသားတင်ကြွယ်၀မှုစုစုပေါင်း ယူရို ၁၃၁ သန်းအထိ ရှိတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က